Chapter 15

1.8K 112 18
                                    

"ကဲ ရှောင်းကျန့်ရယ်....ကျနော်ဒီမှာသားကို သိပ်နေတာလေ....မျက်လူံးကျယ်အောင်လိုက်မစပါနဲ့....."

ရိပေါ်စိတ်ရှုပ်ရှုပ်နဲ့ ရှောင်းကျန့်ကို ခပ်ကျိတ်ကျိတ်ပြောမိသည်။ဘယ်နှယ့်လူနာခုတင်ပေါ်မှာ သူတို့သားဖ3ယောက်ဘယ်လိုလုပ် အိပ်လို့ရမှာလဲ။သားကိုခေါ်ပြီး အိမ်ပြန်ပါဆိုလဲ ပြောမရ....။

အခုလဲ ရိပေါ်ကလေးသိပ်နေတုန်း သူ့နောက်မှာ ဝင်လှဲရင်း ရိပေါ်ကိုရော ကလေးကိုပါ သိုင်းဖက်ထားတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မှာ လှည့်မရပြုမရနဲ့ တစောင်းသာအိပ်နေရသည်။

ရိပေါ်ရဲ့ဘေးတဖက်မှာ အိပ်နေတဲ့ ရိလုံလေးကို ရိပေါ်နောက်ကနေ ကျော်ပြီး ပါးလေးဆွဲလိုက် နှာခေါင်းလေးညစ်လိုက်နဲ့ ရှောင်းကျန့်လိုက်စနေတော့ ရိလုံလေးက သဘောတကျနဲ့ တခစ်ခစ်ရယ်နေပေသည်။

"သားမှ မအိပ်ချင်သေးတာကို.... မင်းကဘာလို့ ဇွတ်သိပ်နေတာလဲ...."

"အချိန်လဲကြည့်ဦးလေ....၁၀နာရီထိုးတော့မယ်....မနက်မူကြိုသွားရဦးမှာနဲ့....တော်တော့ သား မျက်လူံးမှိတ်...."

အိပ်ချင်နေပါရဲ့နဲ့ အဖေလုပ်သူက စနေတာကြောင့် မျက်လုံးအတင်းပြူးထားတဲ့ ရိလုံလေးက သိပ်မကြာခင်မှာဘဲ အိပ်ပျော်သွားတော့သည်။

"အဲ့ဒါကဘယ်လဲ...."

ကလေးအိပ်သွားပြီမိူ့ ခုတင်ပေါ်ကဆင်းဖို့ပြင်နေတဲ့ ရိပေါ်ကို ခါးကနေ ပြန်ဆွဲချကာ ရှောင်းကျန့်မေးတော့

"ဆိုဖာပေါ်သွားအိပ်မလို့လေ....ဒီမှာက ကျပ်ကျပ်သက်သက်နဲ့ ဘယ်လိူလုပ်အိပ်လို့ရမှာလဲ...."

"မသွားရဘူး....ဒီမှာဘဲ အိပ်...."

ပါးစပ်ကလဲပြောသလို ခါးသိမ်သိမ်လေးထက်မှ ရှောင်းကျန့်လက်တို့ကလဲ ပိုမိုတင်းကျပ်သွားရပြီး ရိပေါ်ကိုအထမခံတာကြောင့် စိတ်တိုသွားမိ၏။

"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ...."

ရှောင်းကျန့်လက်တွေကို အတင်းဆွဲဖယ်ရင်း ရုန်းလာတဲ့ရိပေါ်ရဲ့ တင်ပါးအိအိတို့နဲ့ထိကပ်ပွတ်မိသလိုဖြစ်‌ေနတာကြောင့်

NightMareWhere stories live. Discover now