"ဟော...သားတို့ပါလား လာထိုင်ကြ...."
ရှောင်းချန်လင်တယောက် စာအုပ်ဖတ်နေရာမှ ကတ္တူလေးကို ညှပ်လို့ စာအုပ်ပိတ်လိုက်ရင်း အတူယှဉ်တွဲဝင်လာတဲ့ သားနဲ့သားမက်ကို ကြိုဆိုလိုက်မိသည်။
"စောစောစီးစီး...မလာစဖူး အကြောင်းထူးရှိလို့လား...."
"ကလေးလာခေါ်တာ...."
အဖေဖြစ်သူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ထိုင်ချင်း ရှောင်းကျန့်ဆိုလိုက်တော့ ဖေဖေကအံ့ဩသလိုဖြင့် မျက်ခူံးပင့်ကြည့်လာသည်။
"ဘယ်လို....ဘာကိစ္စနဲ့...."
"ကျနော့်သား ကျနော်လာခေါ်တာ ဘာကိစ္စရဦးမှာလဲ...."
လူရမ်းကားရုပ်ပေါက်အောင်ပင် ဆိုဖာခုံပေါ်ခပ်လျောလျောမှိီထိုင်ရင်း ခပ်တင်းတင်းပြန်ပြောလာတဲ့သားဖြစ်သူရဲ့အပြောကြောင့် ရှောင်းချန်လင်မျက်နှာတည်တင်းသွားရကာ
"ငါကရိပေါ်ဆီကနေ ခွင့်တောင်းပြီးခေါ်လာတာကွ....ခိုးလာတာမဟုတ်ဘူး.....ကလေးကလဲ ပြန်ချင်မှာမဟုတ်ဘူး....ငါကဘာကိစ္စပြန်ထည့်ပေးရမှာလဲ...."
"အဲ့ကလေးရဲ့အဖေ ကျနော်ကပြန်ခေါ်ချင်တာဗျာ....ရိပေါ်ကလဲ တငိုငိုတရယ်ရယ်ဖြစ်နေတာ သူ့သားမရှိရင်သူမနေတက်ဘူး...."
"ပြောလိုက်လေ ရိပေါ်....သားကိုပြန်ခေါ်သွားမယ်လို့...."
ရှောင်းကျန့်ဖခင်ကို ပြောနေရင်းမှ ရိပေါ်ဘက်ကိုပါလှည့်ပြီး တဆက်ထဲပြောလိုက်ပေမဲ့
"ရပါတယ် ဖေဖေ...သားကို ကျနော်ခနလာတွေ့တာပါ....သားက ဖေဖေ့ဆီမှာပျော်တယ်ဆို ထားလိုက်ပါ...."
တချိန်လုံးငြိမ်နေတဲ့ ရိပေါ်ဆီမှ စကားသံကြောင့် ရှောင်းကျန့်အံ့ဩသွားရသလို စိတ်လဲတိုမိသည်။မနေ့ညကတော့ ငိုလားရယ်လားနဲ့သူမဟုတ်တဲ့အတိုင်းပင်။
"ဝမ်ရိပေါ်....မင်း...."
"တိတ်စမ်း....ရိပေါ်ကတောင် ကြည်ဖြူနေတာ မင်းကဘာအခုမှထဖြစ်နေရတာလဲ....ဒီကလေးမရှိတော့ မင်းမျက်စိရှုပ်နားရှုပ်မသက်သာဘူးလား...."
ရှောင်းရှင်းချန်ရဲ့အပြောကြောင့် မြင်မကောင်းအောင်ပင် ရှောင်းကျန့်မျက်နှာညိုမှောင်သွားရကာ