ဘာတွေလဲ။ရိပေါ်ဘာကိုမှ လိုက်မမှီနိုင်အောင်ဖြစ်မိသည်။တခါမှမကြားဖူး မကြုံဖူးတဲ့ စကားလုံးတွေ၊အပြုအမူတွေကြား ရိပေါ်စိတ်တွေ အလဲလဲ အပြိုပြိုဖြင့် ရှုပ်ထွေးနေရသည်။
ပြန်ရောက်လာပြီးထဲက အခန်းထဲကိုတန်းဝင်သွားကာ အိပ်ယာပေါ်ငုတ်တုတ်လေးထိုင်ရင်း ရင်ဘတ်ထဲကစူးရှ နာကြင်မှုက ဘယ်ကဲ့သို့ရယ်မသိပါချေ။ရှက်ရွံ့မှင်သက်မိစွာနဲ့ ဟိုလူဆွဲတာကို ဆောင့်ရုန်းလိုက်စဉ်ကလား ရှောင်းကျန့်ကို ဝင်ထိန်းစဉ်ကလားမသိ မျက်သွားတဲ့ လက်ကောက်ဝတ်ကို လက်တဖက်နဲ့ဖိဆုပ်ကိုင်ထားရင်း သူတို့ပြောခဲ့ကြတာတွေကို ပြန်တွေးနေမိသည်။
*ရှောင်းကျန့်နဲ့တွဲနေတာ ကိုယ့်ဇနီးလောင်းလေ.....*
*ရှောင်းကျန့် မင်းကျတော့ မင်းပစ္စည်းမှန်းမသိ သူများပစ္စည်းမှန်းမသိ.....*
နားထဲ အစီအရီဖြင့် ခါးသက်တဲ့စကားလုံးများစွာကို ပြန်ကြားလာရသည်မို့ ထိုင်နေရာကနေ ဆတ်ခနဲထရပ်ကာ အောက်ထပ်မှာ ကျန်ခဲ့တဲ့ ရှောင်းကျန့်ဆီသွားဖို့ တံခါးကိုဆွဲအဖွင့်
"ဘယ်သွားမလို့လဲ....."
အခန်းထဲကို လိုက်ဝင်လာတဲ့ ရှောင်းကျန့် မေးလိုက်တာကို ဘာမှပြန်မဖြေဘဲ မွေ့ယာထက်ပစ်လှဲချလိုက်တဲ့ သူ့ကိုသာ ရိပေါ်လိုက်ကြည့်နေမိသည်။
ရှောင်းကျန့်ကလဲ ဘာမှထပ်မပြောတော့ဘဲ စီးကရက်တလိပ်ကို ရှိုက်ဖွာနေတော့ မီးခိုးငွေ့ဖြူဖြူများက အခန်းထဲဝေ့ဝဲလျက်။
"ရှောင်းကျန့်....."
ခေါ်သံတခုနဲ့အတူ သူ့နားကို မြန်မြန်ဆန်ဆန်ကြီး ရောက်လာတဲ့ ရိပေါ်ကို မျက်တောင်ဖျားတွေစင်းကျအောင်ထိ ဆွေကြည့်လိုက်၏။
"ခင်ဗျား ကျနော့်ကို အမှန်တိုင်းဖြေပါ....အဲ့ဒါတခုတော့ ကျနော်သိရမှ ဖြစ်မယ်....."
"ဘာလဲ...."
ခပ်အေးအေးပြန်မေးလာတဲ့ ရှောင်းကျန့်ကို ရိပေါ်စူးစိုက်ကြည့်ရင်း
"ခင်ဗျား တကယ်ဘဲ သူများသားမယားတွေနဲ့ မကင်းမရှင်းဖြစ်နေတာလား......"