"အကိုလေး အောက်မှာ ဧည့်သည်ရောက်နေပါတယ်....."
အခန်းဝကနေ ပေါ်လာသည့် လဲ့မေ့စကားကြောင့် အလုပ်လုပ်နေရင်းမှ ရိပေါ်လှည့်ကြည့်လိုက်ပြီး
"ဧည့်သည်....ရှောင်းကျန့်မရှိဘူးပြောလိုက်လေ...."
"ဧည့်သည်က အကိုလေးနဲ့တွေ့ချင်တာတဲ့...."
ရိပေါ်အံ့ဩသွားမိရသည်။ဘယ်သူကများ သူ့နဲ့တွေ့ချင်တာပါလိမ့်မယ်။ခါတိုင်းဆို ရှောင်းကျန့်ဆီသာလာတက်ကြသည်မဟုတ်မလား။
"ငါ့ကိုတွေ့ချင်တာ....အေး အေး လာခဲ့မယ်...."
"ဟုတ် အကိုလေး....."
အံ့ဩစိတ်များနဲ့ လှေခါးပေါ်မှ ဆင်းလာတဲ့ ရိပေါ်တယောက် သူ့ကိုကျောပေးထိုင်နေတဲ့ အမျိုးသမီးတယောက်....ဘယ်သူများလဲဆိုသော ဇဝေဇဝါအတွေးဖြင့် ထိုအမျိူးသမီးရှိရာကို လှမ်းလာခဲ့ပြီးမှ
"ဟင်...."
ဘယ်လိုမှ မထင်မှတ်ထားသည့်လူကြောင့် အာမေဠိတ်သံပင် ထွက်သွားရအောင်ထိ အံ့ဩမိရသည်။
"Hi ရိပေါ်...."
"အမ်မလီ....ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ...."
ဝမ်းသာ အံ့ဩခြင်းများနဲ့အတူ ရိပေါ် မေးမိကာ အမ်မလီအနားကို ခပ်သွက်သွက်လေးလျှောက်သွားမိသည်။
"ဘယ်ကမှ မရောက်ဘူး ရှင့်ဆီလာခဲ့တာ....အိမ်လိပ်စာတောင်မပေးတဲ့သူကများ...ကျုပ်ဘာသာစူံစမ်းပြီးလာရတာပေါ့...."
မကြေမနပ်ပူံစံလေးနဲ့ ခပ်စွာစွာပြန်ပြောလာတဲ့ အမ်မလီကြောင့် ရိပေါ်သဘောတကျပြုံးလိုက်ရင်း
"မဟုတ်ပါဘူးဟာ....ငါအဲ့တုန်းက လိပ်စာပေးဖို့ မေ့သွားလို့ပါ....အခုလဲ နင်ရောက်လာပြီပဲ...."
ဝိုင်နီရောင် ဆံနွယ်ကောက်ကောက်လေးတွေနဲ့ အမ်မလီက ငယ်ငယ်ကအတိုင်းပင် ခင်မင်ရင်းနှီးမှုက မပြောင်းလဲသည်မို့ အိမ်လိပ်စာ သေချာမပေးခဲ့သည့်အတွက် ရိပေါ် အားနာသွားရသည်။
"ရိပေါ် ငါတို့အပြင်မှာ တခုခုသွားစားရအောင်....ငါနင်နဲ့တိုင်ပင်စရာတွေ ရင်ဖွင့်စရာတွေ အများကြီးရှိနေတယ်...."