ရှောင်းကျန့်တို့ ကလပ်ထဲရောက်တော့ လူစုံနေပြီ။ဘီယာလေးကလဲနဲနဲဝင်ထားတော့ စကားဝိုင်းကပိုမိုမြိုင်ဆိုင်လာသည်။
"ငါကတော့ ငကျန့်ကို မကြည်ဘူးကွာ...."
အယ်လ်ကိုဟောအရှိန်လေးနဲ့ အာသွက်နေတဲ့ယွီပင်းစကားကြောင့် dance floorမှာ ဒွန့်နေတဲ့ အလှလေးတွေဆီ မျက်စိရောက်နေတဲ့ ရှောင်းကျန့်က
"ဟ....ဘလိုင်းကြီးပါလား ငါ့ကောင်ရ...."
"အေးလေ....ဟုတ်သားဘဲ...."
ဟောက်ရွှမ်းကပါ ဝင်ရောက်ထောက်ခံနေတာမို့
"မင်းတို့ဘဲ စဉ်းစားကြည့်ကွာ...."
ယွီပင်းပြောလိုက်ရင်းမှ ခုနက ရိပေါ်ပုံစံလေးမျက်လူံးထဲပေါ်လာရသည်။ဆွယ်တာအပါးအဝါနုနုလေးနဲ့ ချည်ဘောင်းဘီအနက်ရောင်လေးဝတ်ထားကာ ရွှေဝါရောင်ဆံနွယ်အုပ်အုပ်လေးနဲ့ ရိပေါ်က နုဖက်သန့်ရှင်းစွာ ။
"ဒီလောက်နုဖက်နေတဲ့အလှလေးကို ပလစ်ပြီး ဆော်တေွထည်လဲတွဲနေတာကြီးက မဟုတ်သေးဘူး.....လှတာတော့ တော်တော်ကိုလှတာ....ကလေးတယောက်အဖေသာပြောတာ မှည့်ဝင်းနေရော..... "
"ဟဲ့ကောင် ငပင်းရ....မင်းတောင် ခနလေးတွေ့ဖူးတာ ချောမှန်းလှမှန်းတန်းသိရင် သူ့လင်ဒီကောင်ကြီးက မသိဘဲနေမလားဟ....."
အပျိုကြီးလို့ ခေါ်ဝေါ်သမုတ်ခံရတဲ့ ကျန်းချန်ကပါ ဝင်ပြောပြီး ရှောင်းကျန့်ကိုပါ တဆက်ထဲကြည့်ကာ
"အေးလေ သိလို့လဲ ဥထားတာဖြစ်မှာပေါ့...ဟုတ်တယ်မလား ငကျန့်...."
ကျန်းချန်ကိုပြန်မဖြေသေးဘဲ ရှေ့က ဘီယာခွက်ကို ကိုင်ကာ တချိုက်မော့သောက်လိုက်ပြီးမှ
"တော်ပါကွာ....ရင်မခုန်ပါဘူး.....စက်ရုပ်ကမှ အသံမြည်ဦးမယ်...."
ရှောင်းကျန့်ပြောလိုက်တော့ ကျန်းချန်ကမျက်နှာကြီးရှုံ့မဲ့ကာ အပိုတွေဆိုသော မျက်နှာဘေးနဲ့ကြည့်ကာ
"တော်သေးတာပေါ့ ရင်မခုန်လို့....ရင်သာခုန်ရင် ကလေးတဒါဇင်လောက်ဖြစ်နေလောက်ပြီ......" ဟု ခပ်ရွဲ့ရွဲ့ပြောလိုက်တော့မှ ခေါင်းတခါခါလက်တခါခါဖြင့်ရှောင်းကျန့်က