6လခန့်ကြာပြီးနောက်.......။
"ရိပေါ်....မပြီးသေးဘူးလား......"
မျက်မှောင်ကြီးကျုံ့ကာ အလိုမကျသလိုမေးလာတဲ့ ရှောင်းကျန့်ကို ရိပေါ်ဘာမှပြန်မဖြေဘဲ ကိုယ်လုပ်စရာရှိတာကိုသာ ဆက်လုပ်နေလိုက်သည်။
"ကြာလှပြီကွာ.....ဘာတွေချက်နေတာမို့ အဲ့လောက်ကြာနေတာလဲ.....ကိုယ့်ကိုယ်ကိုလဲ မပေါ့မပါးကြီးနဲ့ဆိုတာ သတိရသေးရဲ့လား...."
ရိပေါ် ဘယ်လိုမှ စိတ်မရှည်နိုင်တော့ဘဲ ကိုင်ထားတဲ့ဓါးကို အသံမြည်အောင် စားပွဲပေါ်ဆောင့်ချလိုက်ပြီး
"ခင်ဗျားတော်တော်အားနေတာလား ရှောင်းကျန့်....ကျနော့်ဘာသာအေးအေးဆေးဆေးလုပ်ပါရစေ....သွား ကျနော်စိတ်မတိုခင် ခင်ဗျားအပြင်မှာသွားနေလိုက်တော့....."
ထိုသို့ရိပေါ်စိတ်ပေါက်ပေါက်နဲ့အော်လိုက်တော့လဲ မျက်နှာငယ်လေးနဲ့ပြန်ကြည့်ကာ
"ကိုယ်က အချစ်ကိုစိတ်ပူလို့ပြောတာပါ...."
"ကျေးဇူးတယ်.....ခင်ဗျားစိတ်ပူတာထက် ကျနော်ကနားပိုပူနေပြီ....ခင်ဗျားအေးအေးဆေးဆေးလေးသွားထိုင်နေလိုက်တော့.....ဟုတ်ပြီလား....."
သူတို့နှစ်ယောက်ကိုကြည့်ရင်း ဘေးက လဲ့မေ့နဲ့အကူကောင်မလေးတွေရဲ့မျက်နှာက ပြုံးစိစိ။
"မင်းတို့က ဘာပြုံးတာလဲ....."
ပြုံးစိစိလုပ်နေတဲ့ လဲ့မေ့တို့ဘက်ကို မကြေမနပ်ဖြင့်ကြည့်ရင်း ရှောင်းကျန့်မေးမိတော့
"ရှောင်းကျန့်....."
မဆိုင်တဲ့လူကို မာန်နေတဲ့ရှောင်းကျန့်အား ရိပေါ်ခပ်ကျိတ်ကျိတ်ခေါ်ကာမှ
"အင်းပါ....အင်းပါ....သွားပါပြီဗျာ...."
ရိပေါ်စကားအတိုင်း ပြန်ထွက်သွားတဲ့ ရှောင်းကျန့်ရဲ့အမူအရာကို ရိပေါ်ရယ်ချင်ပေမဲ့လဲ ခေါင်းယမ်းရင်းသာ ပြုံးနေမိသည်။
ရိပေါ်မအော်လို့လဲမရ။ဒါနဲ့ဆို ၆ခါရှိပြီ။ဝင်လာလိုက် မပြီးသေးဘူးလား မကျက်သေးဘူးလားမေးလိုက်နဲ့။ရိပေါ်သာမက ဘေးကအကူတွေပါ မျက်စိနှောက်လို့ နားပူလှပြီ။