"ဒါဆိုသားသားအိပ်တော့မယ်နော် ပါးပါး...good nightပါခင်ဗျ...."
"အင်းပါ သားရယ်...."
ရိပေါ်ဖုန်းချပြီးတော့ ငိုချင်စိတ်ကတားဆီးမရပေ။တနေကုန်သားလေးဟိုမှာပျော်နေမယ်ဆိုတဲ့ အတွေးနဲ့မျိုသိပ်ထားလို့ရပေမဲ့ ညဘက် အိပ်ချိန်ရောက်လာတော့ ရင်ထဲမှာ ပူလောင်လာရသည်။
သားက သူသိပ်မှ အိပ်တက်တာမလား။ဖေဖေ့ကိုများ ဂျီကျနေမလားဆိုတဲ့အတွေးနဲ့ ဖုန်းဆက်မိတော့ သားက ပျော်ပျော်ရွှင်ရွှင်ပဲမို့ တဖက်ကစိတ်အေးရသလို သားလိုဒီအရွယ်ကလေးက မိဘထက် တခြားသူကိုပိုခင်တွယ်နေတာက ကိုယ့်ဘက်က ဂရုစိုက်
ကြင်နာမှုတွေ လျော့ပါးခဲ့လို့များလား။အခန်းထဲဝင်ပြီး အိပ်ယာပေါ်ပတ်လက်လှန်ကာ နဖူးပေါ်လက်တင်ရင်း ရိလူံလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို မြင်ယောင်ကာ မျက်ရည်တို့က တလိမ့်လိမ့်ကျဆင်းလာရသည်။
"ဝမ်ရိပေါ်....ငါဒီလောက်ခေါ်နေတာ မင်းမကြားဘူးလား....."
အခန်းထဲသို့ ပြောရင်း ဝင်လာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်အိပ်ယာနေရာကနေ ကမန်းကတန်းမျက်ရည်သုတ်ကာ
"ခင်ဗျား အောက်မှာပဲ ထင်လို့...ဘာလိုချင်လို့လဲ...."
ရှောင်းကျန့် ရိပေါ်မျက်နှာကို သေချာကြည့်လိုက်ပြီးမှ သက်ပြင်းသဲ့သဲ့ချလိုက်ရင်း
"စားစရာတခုခုလုပ်ပြီး ဝရံတာကို ယူခဲ့ကွာ...."
"အင်း...ယူခဲ့မယ်....."
ရိပေါ်အောက်ဆင်းသွားမှ ရှောင်းကျန့်လဲ ဝရံတာဘက်ကိုထွက်လာခဲ့မိသည်။တခါမှ လှည့်မကြည့်စတမ်းပစ်ပယ်ထားခဲ့ပေမဲ့ ရိပေါ်ငိုနေတာ မြင်တော့ ရှောင်းကျန့်စိတ်မကောင်းဖြစ်မိသည်။
ခနအကြာမှာတော့ စတော်ဘယ်ရီမစ်ရှိက်နဲ့ ကိတ်မုန့်ကို ဗန်းလေးနဲ့ထည့်ယူကာ ရှောင်းကျန့်ထိုင်နေတဲ့ စားပွဲခုံရှေ့ ချပေးရင်း
"ဒီမှာရပါပြီ....."
ပြန်လှည့်ထွက်မလို့ပြင်နေတဲ့ ရိပေါ်လက်ကို ဖမ်းဆွဲထားလိုက်ကာ
"ခနနေဦး...."
"ဘာခိုင်းစရာရှိသေးလို့လဲ....."