ကားရပ်လိုက်တာနဲ့ ဧည့်ခန်းကိုအရင် ရှောင်းကျန့်လှမ်းကြည့်လိုက်မိသည်။
"Daddyပြန်လာပြီ...."
ကားတံခါးဖွင့်ပြီးဆင်းလာတဲ့ ရှောင်းကျန့်ကို မြင်လိုက်တော့ လဲ့မေ့နဲ့အတူကစားနေရာမှ ရိလူံလေးက အပြေးထလာပြီး ကြိုနေတာကြောင့် သားကိုကောက်ချီလိုက်ပြီး
"ဟိုတယောက်ကိုရော...."
ခါတိုင်းသူပြန်လာရင် ဧည့်ခန်းမှာ အသင့်စောင့်ပြီး ထွက်ကြိုနေကျဖြစ်တဲ့ ရိပေါ်ကို မမြင်တာမို့ လဲ့မေ့ကို မေးလိုက်တော့
"ရှင်....အကိုလေးက အိမ်ပေါ်မှာရှိပါတယ်...."
လဲ့မေ့ကို ရှောင်းကျန့်ခေါင်းဘဲငြိမ့်ပြလိုက်ကာ သားကိုတချက်ငုံ့ကြည့်လိုက်ရင်း
"သားမူကြိုက ပြန်ခဲ့ပြီပေါ့....ဒီနေ့ဘာတွေသင်ခဲ့ရလဲ daddyကို ပြောပါဦး...."
ရိလုံလေးရဲ့ ပါးဖောင်းဖောင်းလေးတွေကို မွေးကြူရင်း ရှောင်းကျန့်မေးနေမိသည်။ဟိုတခါ ကစားကွင်းကပြန်လာပြီးထဲက သူကလဲ သားကို ပိုပြီး အရေးတယူလုပ်လာသည်မို့
သားကသူ့ကိုစိမ်းမနေတော့ပေ။"ဒီနေ့သားသား ကဗျာတွေသင်ရတယ် daddy.....သားသားသူငယိချင်းအသစ်လဲရခဲ့တယ်သိလား...."
"ဟုတ်လား.....ငါတို့ရိလုံလေးက တော်လိုက်တာ သူငယ်ချင်းအသစ်ရလာပြီပေါ့...."
"ဟီးဟီး...."
အဖေလုပ်သူဆီမှ ချီးကျူးခံရတာကြောင့် သွားဖြူဖြူသေးသေးလေးတွေပေါ်အောင် သဘောကျနေတဲ့ရိလုံလေးကို ချီထားရာမှ
"မမနဲ့ခနဆော့နေဦးနော်.....daddyရေချိုးလိုက်ဦးမယ်....."
"ဟုတ်ကဲ့ daddy....."
အောက်ချပေးလိုက်ပြီး ရှောင်းကျန့်အပေါ်ကို တက်လာခဲ့လိုက်သည်။
အခန်းထဲရောက်တော့ သူပြန်လာတာတောင် မသိရအောင်ထိ laptopတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် မျက်ခူံးတွေက ကျုံ့ခနဲဖြစ်သွားရသည်။
"ဝမ်ရိပေါ်...."
သူခေါ်တာကို မကြားတာလား ဂရုမစိုက်တာလားမသိ။လှည့်ပင်မကြည့်လာတာမို့ ရှောင်းကျန့်ဒေါသဖြစ်သွားရကာ