"ရှောင်းကျန့်....ဖုန်းလာနေတယ်...."
အိမ်ထဲကနေ ရှောင်းကျန့်ရေကူးနေတဲ့ နေရာထိရောက်အောင် လာခဲ့ပြီး ဖုန်းထိုးပေးရင်း ရိပေါ်ပြောလိုက်တော့
"ဘယ်သူဆက်တာလဲ....ငါရေကူးနေတယ်လေ...."
"အေမီဆက်တာတဲ့....ကိုကိုနဲ့တွေ့ချင်လို့တဲ့...."
ထိုသို့ပြောလိုက်မှ ရေထဲကနေတက်လာပြီး ရိပေါ်လက်ထဲက ဖုန်းကိုယူကာ
"Hello baby...ပြော..."
သူလဲဖုန်းပြောနေပြီမို့ ရိပေါ်တာဝန်ပြီးဆုံးတာမို့ အိမ်ထဲပြန်ဖို့အလုပ် လက်မောင်းကနေလှမ်းဆွဲကာ
"နေဦး..." "မဟုတ်ဘူး ရတယ်baby...."
ရိပေါ်ကဘာလဲဆိုတဲ့ပုံစံနဲ့ မျက်မှောင်ကျုံ့ကြည့်ကာ မေးလိုက်ပေမဲ့ ခနနေဦးဟုသာ နှုတ်ခမ်းလှုပ်ရုံပြန်ဖြေရင်း သူ့babyဆိုတဲ့မိန်းမနဲ့သာ စကားဆက်ပြောနေသည်။
ဘယ်လိုပင် မချစ်ဘူးဟု ဆိုပါစေ။ကိုယ့်အရှေ့မှာ ကိုယ့်ခင်ပွန်းက တခြားမိန်းမတယောက်နဲ့ ပလူးပလဲဖုန်းပြောဖို့ ကိုယ်တိုင်လာပေးရသည့်အဖြစ်က တကယ်ကို ခံပြင်းစရာကောင်းလွန်းသည်။သို့ပေမဲ့ သူကရိပေါ်ကို ဒေါသထွက်ပြီး ရန်ဖြစ်ရအောင် ကြံဆောင်နေမှန်းသိတာမို့ ဘာစကားမှမဆိုဘဲ ငြိမ်သက်ခါရပ်နေမိသည်။
"Ok baby...ကိုယ်တို့ ညမှတွေ့မယ်လေ...see you...မွစ်..."
သူကတော့ ဒေါသဖြစ်စေဖို့ ရည်ရွယ်ပေမဲ့ ရိပေါ်ရင်ထဲမှာတော့ ဒေါသဖြစ်ရတာထက် ကိုယ်ကျင့်တရား ဖောက်ပြန်နေတဲ့လူတယောက်ထပ် မပိုပါ။မျက်နှာမှာ မပေါ်လွင်အောင်ထိန်းထားပေမဲ့ မျက်ဝန်းအကြည့်ကတော့ ထိန်းမရနိုင်စွာဖြစ်မိသည်။
"ငါ့ကိုတဘတ်ယူပေး...."
"အင်း...."
စကားနဲ ရန်ဆဲဆိုသလို သူပြောရင်မေးရင်ဖြေမှ ကြိုက်တာမိူ့ အင်းတခွန်းသာပြောပြီး သူခိုင်းသလို လုပ်ပေးလိုက်သည်။
"ဝမ်ရိပေါ်....မင်းစကားပြောရင် ယဉ်ယဉ်ကျေးကျေးမပြောတက်ဘူးလား...."
ရေစိုနေတဲ့သူ့ဆံပင်ကို သုတ်ပေးနေရင်းမှ ရပ်တန့်ကာ ရိပေါ်ရှောင်းကျန့်ကို နားမလည်သလို ကြည့်လိုက်မိတော့