"ဘိုးဘိုး...သားသားတို့လာပါတယ်ဗျ...."
အိမ်ပေါက်ဝနေ လှမ်းအော်ပြောနေတဲ့ မြေးလေးရဲ့အသံစာစာလေးကြောင့် ရှောင်းချန်လင်ရဲ့ မျက်နှာပြုံးရွှင်သွားရပြီး ဖတ်လက်စ စာအုပ်ကို ချကာ
"လာပါဦး မြေးရဲ့....ဘိုးဘိူးကမြေးကိုလွမ်းနေတာ...."
ကလေးကိုလက်ကမ်းကာ ပွေ့ချီကြိုဆိုလိုက်ရင်း ရိလုံလေးအနောက်ကနေလိုက်ဝင်လာတဲ့ ရိပေါ်ပါ တပါထဲခေါ်လိုက်မိသည်။
"လာ... သားငယ် ထိုင်....."
"ဟုတ်ကဲ့ ဖေဖေ....."
အိမ်လာရင် ဘယ်တော့မှ လက်ချည်းသက်သက်မလာတက်တဲ့ ရိပေါ်က အခုလဲ လက်ထဲမှာ ဗူးတွေချိုင့်တွေကိုငိထားသည်မို့
"ဘာတွေယူလာပြန်တာလဲ သားရယ်....ကလေးတဖက်နဲ့ ဟိုကောင့်ဝေရာဝိစ္စတွေလုပ်ပေးရတာနဲ့....အလကားအပင်ပန်းခံလို့ကွယ်...."
ရှောင်းချန်လင်ရဲ့စကားကြောင့် ရိပေါ်အသာပြုံးလိုက်ရင်း
"မပင်ပန်းပါဘူး ဖေဖေရဲ့....သားတို့အိမ်အတွက်လုပ်တဲ့အထဲကနေ ပိုလုပ်လိုက်တာပါ....သားဒါတွေ သွားထားလိုက်ဦးမယ်နော် ဖေဖေ...."
*ရိပေါ်တို့က အဲ့လိုလူကြီးမိဘအပေါ်သိတက်တာ....ငါ့သားနဲ့များကွာပါ့....ကြာလေပိုသိသာလာလေဘဲ....ရိပေါ်လေးကို ဒင်းနဲ့ပေးစားရတာ မှားလိုက်တာ....*
သားဖြစ်သူရဲ့ လုပ်ရပ်တွေအတွက် မကြေနပ်ဒေါသဖြစ်စွာ တွေးလိုက်မိသည်။
အိမ်လာရင် ရေခဲသေတ္တာထဲ ဖြည့်စရာရှိတာ ဖြည့်ပေး...ယူလာတဲ့ စားသောက်ဖွယ်ရာတွေကို သိမ်းတန်တာသိမ်း....ထည့်တန်တာထည့်ပြီး လိုအပ်တာတွေအကုန် လုပ်ပေးသွားတက်သည်။
ဒီလိုအလိမ္မာအိမ်ပါ သားမက်အချောအလှလေးရထားပါရက် ောက်သူံးမကျတဲ့ကောင်က တန်ဖိုးကိုနားမလည်ပေ။ရိုးရိုးအေးအေးနေတက်ပေမဲ့ ခပ်တူံးတုံးလူတယောက်မဟုတ်ဘူးဆိုတာ ဒင်းကမသိ။
"ဖေဖေ မနေ့က အိမ်လာဖို့မှာသွားတယ်ဆိုလို့....ဘာကိစ္စရှိလို့လဲ...."
အခုမှ ဖုန်းပြောပြီး ဝင်လာဟန်ရှိတဲ့ ရှောင်းကျန့်က ဖုန်းကို ဘောင်းဘီအိတ်ထဲထိုးထည့်ရင်း ဖခင်လုပ်သူကို မေးလိုက်တော့