Chapter 28

1.8K 110 13
                                    

အလုပ်လုပ်နေရင်းမှ နားထဲကို တိုးဝင်လာတဲ့ဖုန်းသံကြောင့် သူ့ဖုန်းကိုလှမ်းကြည့်လိုက်တော့လဲ စားပွဲပေါ်မှာ ဒီအတိုင်းရှိနေသည်မို့ ဘယ်ကမြည်နေတာလဲဟု တွေးရင်း အခန်းထဲဝေ့ဝဲရှာနေမိသည်။

ကြာကြာမတွေးလိုက်ရဘဲ အသံလာရာကို ချက်ချင်းရှာတွေ့သွားတော့ ရိပေါ်အိပ်တဲ့ဘက်အခြမ်းက စားပွဲပေါ်မှာ တင်ထားတဲ့ရိပေါ်ဖုန်းဖြစ်နေတာကြောင့် ကောက်ကိုင်မိတော့

"Hello....ရိပေါ်...."

ဖုန်းကိုင်လိုက်ခြင်းမှာဘဲ ချိုကြည်နေတဲ့ မိန်းကလေးအသံကထွက်လာတာကြောင့် ရှောင်းကျန့် မျက်ခုံးတန်းထူထူကြီးတွေ တွန့်ချိုးသွားရသည်။

" ရိပေါ်....ငါပုံတွေ ပို့ထားတယ် ကြည့်လိုက်ဦးနော်.....မနေ့က ငါမအားလို့ အခုမှ ပို့လိုက်ရတာ....."

"နင်ဘာတွေလုပ်နေတာလဲ.....မနေ့က နင်မပြောနဲ့ ငါဖြင့် ပျော်လိုက်တာ အရမ်းပဲ သိလား.....ငါတို့အဲ့လို လွတ်လွတ်လပ်လပ်မတွေ့ရတာ ကြာပြီနော်....."

သူပြောချင်သာ တရစပ်ပြောနေတဲ့ တဖက်လူက ဘယ်သူဆိုတာ မေးစရာမလိုဘဲ တန်းသိသွားရသည်မို့ ရှောင်းကျန့်မျက်နှာ တင်းခနဲဖြစ်သွား၏။

"ဟဲ့ တခုခုပြန်ပြောဦးလေ.....လင်လေးတယောက်ရသွားပါတယ်....ကိန်းကြီးခန်းကြီးနိုင်လိုက်တာဟယ်.....ငါမအားတဲ့ကြားကဆက်ရတာနော်....."

မဆက်နဲ့လေ မအားရင်....ဘယ်သူကရိုက်ဆက်ခိုင်းနေလို့လဲ.....။

"မပြောတော့ဘူးလား....နေဟာ မပြောလဲ....ပြီးမှ အမ်မလီရေလို့ လာမခေါ်နဲ့ နင့်ကိုငါစိတ်ကောက်သွားပြီ....လာမချော့နဲ့ မခေါ်ဘူး.... ဒါပဲ ဝမ်အူပုတ်...."

တဖက်က အသံပျောက်သွားသည်အထိ လက်ထဲမှာ ဖုန်းကို ဆုပ်ကိုင်ထားမိတုန်းပင်။
ဘယ်လောက်ထိတောင် ရင်းနှီးလို့ စိတ်ကောက်တာတွေ ချော့တာ‌တွေအထိ ဖြစ်နေရတာလဲ။အတွေးနဲ့အတူ ရှောင်းကျန့်နှုတ်ခမ်းလွာတို့ တင်းတင်းစေ့ပိတ်သွားရသည်။

သူမ,ပြောသွားတဲ့ ပုံဆိုတာကို ရှောင်းကျန့်အမြန်ရှာကြည့်မိတော့

"တောက်......"

ဓါတ်ပုံတွေက အများကြီးထွက်လာသည်။ပထမနှစ်ပုံက ရိပေါ် ကလေးတွေကို ငေးကြည့်နေသည့်ပုံ။နောက်ထပ် ကြည့်မိတော့ စီးဆင်းနေသည့်သွေးတွေ ပြောင်းပြန်စီးကုန်ကြသည်လားမသိ။

NightMareWhere stories live. Discover now