ရှောင်းကျန့်တို့ companyနဲ့ဟောက်ရွှမ်းတို့ပူးပေါင်းကာ အသစ်ဆောက်လုပ်မဲ့ အိမ်ရာစီမံကိန်းအကြောင်းကို meetingလုပ်ပြီးမှ ရုံးခန်းထဲကအတွက် လက်ကနာရီကို ကြည့်မိတော့ နေ့လည်စာစားချိန်ရောက်နေပြီ။
"ဆရာ....နေ့လည်စာကို ဘယ်လိုစီစဉ်ပေးရမလဲ...."
ရှောင်းကျန့်ရဲ့အတွင်းရေးမှုးစကားကြောင့် ဟောက်ရွှမ်းဘက်ကို တချက်လှည့်ကြည့်ရင်း မေးဆတ်ပြတော့ ဟောက်ရွှမ်းက ခေါင်းခါပြသည်မို့
"ရတယ်.....ငါတို့အပြင်မှာပဲ စားလိူက်တော့မယ်....လာ ဟောက်ရွှမ်း သွားကြစိူ့...."
*** restaurantရောက်တော့ မှာစရာရှိတာများ မှာယူပြီး ခုနက meetingအကြောင်းဘဲ စကားစကအမျှင်မပြတ်ကြသေးပေ။
"Hay you...."
ရှောင်းကျန့်နဲ့ ဟောက်ရွှမ်းစကားကောင်းနေတုန်းမှာပဲ ဆိုင်ထဲကို လှမ်းဝင်လာတဲ့ အမျိုးသမီးက လှမ်းနှုတ်ဆက်ရင်း ရှောင်းကျန့်တို့ဆီရောက်လာသည်။
"ဪ...ရှင်းရှင်းပါလား....."
သူမက ရှောင်းကျန့်ရဲ့ လွန်လေပြီးသောကာလမှ မိတ်ဆွေဟောင်းတဦးဖြစ်သည်။ဆိုင်ထဲကို ဝင်လာထဲက အမျိုးသားတယောက်နဲ့ထိုင်နေတဲ့ သူမကို ရှောင်းကျန့်လှမ်းမြင်ပြီးသားဆိုပေမဲ့ အခုမှ မြင်သလိုနဲ့ ပြန်နှုတ်ဆက်လိုက်သည်။
"အဟင်း....မှတ်မိသေးသားပဲ...."
ကျောလည်လောက်ရှိတဲ့ ဆံနွယ်လိမ်ကောက်ကောက်လေးများကို ဟန်ပါပါနဲ့ တချက်ယမ်းလိုက်ပြီး ရယ်ရင်း ဆိုကာ ရှောင်းကျန့်တို့ဝိုင်းမှာ ဝင်ထိုင်မှ
"စောစောက နှစ်ယောက်မြင်လိုက်သလားလို့...."
"အဲ့ဒါဆန်းလို့လား ရှောင်းရဲ့...."
ရှောင်းကျန့်အမေးကို ခပ်ပေါ့ပေါ့ပင် ရယ်ရင်း ပြန်ဖြေလာတဲ့ ရှင်းရှင်းက
"Youကတယောက်ထဲ ဖြစ်နေတာကပိုမဆန်းဘူးလား...."
"ကိုယ်လဲ နှစ်ယောက်ပါ....တယောက်ထဲမဟုတ်ပါဘူး...."
ဟောက်ရွှမ်းကတော့ သူတို့စကားဝိုင်းထဲဝင်မပါဘဲ စားစရာရှိတာကိုသာ ဆက်စားနေသည်။