စကားများကြရင်းမှ ရိပေါ်သတိမေ့သွားတော့ သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာကျန်းချန်ကို လှမ်းခေါ်လိုက်မိသည်။
ကျန်းချန်ရောက်လာတော့ လိုအပ်တဲ့စမ်းသက်မှုတွေလုပ်နေတုန်း
"ကျန်းချန်....ရိပေါ်က ဘာဖြစ်တာလဲ.....စိုးရိမ်ရသလား....."
စိုးရိမ်စွာနဲ့ ရှောင်းကျန့်မေးမိတော့ ကျန်းချန်က ဝမ်းသာအားရဟန်နဲ့ သူ့ကိုပြုံးပြုံးကြီးကြည့်ကာ
"Congratulations ကျန့်....ရိပေါ်က ဒုတိယကိုယ်ဝန်လွယ်ထားရပြီ......"
"ဘာ....တ..တကယ်ဘဲလား.....ဟားး....ဝမ်းသာလိုက်တာကွာ....."
ထခုန်မိမတက်ပျော်ရွှင်သွားရကာ အိပ်နေတဲ့ ရိပေါ်လက်ကလေးကို ဆုပ်ကိုင်ထားရင်းမျက်နှာလှလှလေးကိုသာ စိုက်ကြည့်နေမိသည်။
ပျော်ရွှင်မှုတွေ ဖူံးဖိမရဖြစ်သည်အထိ ပျော်နေတဲ့ ရှောင်းကျန့်ကြောင့် ကျန်းချန်ပါ ထပ်တူဝမ်းသာရင်း အံ့ဩရသည်။အစထဲက ဒီလိုဖြစ်နေသင့်တာမလား။
သူဝင်လာထဲက အခန်းထဲမှာရှိနေတဲ့ ပန်းအိုးကွဲအပိုင်းအစတွေနဲ့အတူ ရှောင်းကျန့်လက်ဖျံက သွေးစတွေကြောင့်
"ရှောင်းကျန့်....."
ဘာလဲဆိုတဲ့ ပုံစံနဲ့မေးဆတ်ပြလာတဲ့ ရှောင်းကျန့်ကြောင့် ကျန်းချန်သက်ပြင်းရှိုက်လိုက်ရင်း
"ဘာဖြစ်ထားတာလဲ...."
"ဟမ်....ဘာကိုလဲ.....ဘာဖြစ်လို့လဲ...."
ပြူးတူးပြာတာနဲ့ ပြန်ကြည့်ရင်း တပြန်စီးမေးခွန်းထုတ်နေတဲ့သူငယ်ချင်းကြောင့်
" ရိပေါ်နဲ့ ရန်ဖြစ်ကြတာလား....."
"ဪ....မဖြစ်ပါဘူး.....ဘာလို့လဲ....."
မျက်နှာတချက်ပျက်သွားပေမဲ့ ချက်ချင်းဟန်လုပ်ကာ အငြင်းပြုလာတဲ့ သူငယ်ချင်းအား
"ညာပြန်ပြီ....အဲ့ဒါဆို မင်းလက်က ဘာလို့ေသွးထွက်နေတာလဲ....ပြီးတော့ ပန်းအိုးကွဲတွေကရော.....အဲ့ဒါက ဘာတွေလဲ....."
အချက်ကျကျပြန်မေးခွန်းထုတ်နေတဲ့ ကျန်းချန်ကြောင့် ရှောင်းကျန့်သက်ပြင်းရှိုက်ရင်း