(Flash back)
ညဆယ့်တစ်နာရီကျော်မှ ယိုင်တိုင်တိုင်ခြေလှမ်းတွေနဲ့ ဝင်ရောက်လာခဲ့တဲ့ ရိပေါ်ရဲ့ အသစ်စက်စက် ခင်ပွန်းရဲ့မျက်နှာက နီရဲရဲဖြစ်နေကာ ခပ်ချဉ်ချဉ်မဲ့ပြုံးများနဲ့....။
"ဝမ်ရိပေါ် ဟုတ်လား...."
ခုတင်ပေါ်ကို ဖြစ်သလိုလှဲချလိုက်ပြီးမှ ခူံပေါ်မှာထိုင်နေတဲ့ ရိပေါ်ကို ကြည့်ရင်း
"မင်းက တော်တော်လှတယ်....ဒါပေမဲ့ ဆွဲဆောင်မှုမရှိဘူး....လှတိုင်း ဆွဲဆောင်မှုရှိတာမဟုတ်ဘူးဆိုတာ မင်းသိလား...."
ကိုယ့်ကိုစူးစိုက်ကြည့်ကာ ပြောလာတဲ့ အသစ်စက်စက်ခင်ပွန်းသည်ကြောင့် ရှက်စိတ်တို့က ဖြန်းခနဲပူတက်သွားရသည်။
ခြောက်ပေကျော်ကျော်မြင့်မားတဲ့အရပ်အမောင်းနဲ့ ကျစ်လစ်တောင့်တင်းတဲ့ကိုယ်ဟန်အနေအထားမှာ ဝတ်ထားတဲ့ အဖြူရောင်အနောက်တိုင်းဝတ်စုံနဲ့ ခန့်ညားနေသော ရှောင်းကျန့်ကြောင့် ရိပေါ် အသိများကြားမှာ ချီးမွမ်းသံတွေ လှိုင်လှိုင်ကြားခဲ့သလို မင်္ဂလာပွဲတလျှောက်လုံးမှာလဲ ပြုံးရွှင်နေခဲ့တာမို့ သူလဲ ကိုယ့်လိုပဲ ဒီလက်ထပ်ပွဲကိုကြည်ဖြူခဲ့မယ်ထင်ခဲ့တာ။
သို့ပေမဲ့ အခုပြောလာချိန်မှာ ရိပေါ်ဘာပြန်ဖြေရမှန်းမသိအောင်ထိ ဆွံ့အသွားရသည်မို့ ဘာမှပြန်မဖြေဖြစ်လိုက်ပါ။
"ငါကလွတ်လွတ်လပ်လပ်နေရတာ ကြိုက်တယ်....ချုပ်နှောင်တာတွေ နှောင်ဖွဲ့တာတွေကို မုန်းတယ်.....အခု အိမ်ထောင်သည်ဆိူတဲ့ပုံစံမျိုးနဲ့ ငါ့ကို ချည်နှောင်ဖို့မကြိုးစားနဲ့ ဝမ်ရိပေါ်....ပိုဆိုးတာက မင်းကို ခံစားပေးလို့မရဘူး...."
ရီဝေဝေနဲ့မှေးဆင်းနေတဲ့ မျက်ဝန်းအစုံနဲ့ ရိပေါ်ကို သေချာစိုက်ကြည့်ရင်း အားမနာတမ်းပြောလာသည့် ရှောင်းကျန့်။
"နေပါ...ခင်ဗျားသဘောအတိုင်း လွတ်လွတ်လပ်လပ်နဲ့ ကြိုက်သလိူနေလို့ရပါတယ်...."
ရိပေါ်သည်လဲ မာနရှိတဲ့လူတယောက်မို့ တည်ငြိမ်စွာနဲ့ပြောပြီး ထိုင်ရာမှ ဆတ်ခနဲထရပ်လိုက်ရင်း အပြန်ကိုထွက်ဖို့ စိတ်လောနေမိသည်။