မနေ့ညက တညလုံး မူးမူးနဲ့ တောင်စဉ်ရေမရသည့် စကားတွေပြောကာ ရိပေါ်ဘယ်မှထသွားလို့မရအောင် ဇွတ်တရွတ်ဆွဲချုပ်ကာ သူ့ရင်ခွင်ထဲအတင်းထည့်ထားခဲ့သည်။
မနက်မိူးလင်းတော့ သူမဟုတ်သလိုပင်။ကျော်ဖြတ်ခဲ့ရတဲ့ညပေါင်းများစွာထဲမှာ ရင်ခုန်ခြင်းအလျည်းကင်းသည့် ကဗျာလွတ်ကခုန်ခဲ့ရင်းနဲ့ ညနက်မှအိပ်ခဲ့ရသည်။အိပ်ယာထနောက်သော ရိပေါ်အောက်ကို ဆင်းခဲ့တော့ သားကို လဲ့မေ့က ဖြီးလိမ်းပြင်ဆင်ပေးထားပြီးပြီဖြစ်သည်။
ဆံပင်ဘေးခွဲတိုတိုရှင်းရှင်းလေးကို ကရင်မ်လိမ်းကာ ဖီးထားသည့်ဆံနွယ်တို့က နက်မှောင်ကျော့ရှင်းနေသည့်အပြင် အိပ်ယာထစမို့ မျက်နှာလေးကအစ်အစ်လေးဖြစ်ကာ နုသစ်လန်းေနသည့်သားကိူ ရိပေါ်ချစ်မဝနိုင်စွာကြည့်ရင်း သားအနားကိုလျှောက်လာခဲ့သည်။
"ပါပါးကလေးလေးတောင် နိုးနေပြီလား..."
ရိပေါ်အသံကြားမှ ဖျတ်ခနဲမော့ကြည့်လိုက်ပြီး
"ပါပါး...."
နှုတ်ခမ်းပါးပါးလေးကို တင်းတင်းစေ့ကာ မျက်မှောင်လေးကျုံ့ပြီး ရိပေါ်ကိုအလိုမကျစွာ လှမ်းခေါ်လိုက်ကာ ထိုင်နေရာမှ လျောဆင်းလာပြီး ရိပေါ်လက်ကိုဆွဲကာ
"မနေ့ညက ဘာလို့သားသားဆီပြန်မလာခဲ့တာလဲ...."
"ဟို..."
ရိပေါ်သားရဲ့အမေးကြောင့် ဘေးမှာရှိေနတဲ့ လဲ့မေ့ကိုမျက်နှာပူသွားရသလို ဘယ်အချိန်ထိသူ့ကိုစောင့်နေရှာလဲမသိတဲ့ သားအတွက် စိတ်မကောင်းလဲဖြစ်သွားရသည်။
ရှောင်းကျန့်ဆိုတဲ့လူဟာ မူးလာလျှင်အရမ်းဂျစ်တိုက်လွန်းသည်။စကားများရန်ဖြစ်ကြလျှင် သူသောင်းကျန်းတာကို သားလေးကြားမှာစိူး၍ ရိပေါ်အမြဲအလျော့ပေးခဲ့တာတွေချည်းပင်။
"Daddyနိုးပြီလား ပါပါး..."
၄နှစ်သားဆိုပေမဲ့ အရွယ်လေးနဲ့မလိုက်အောင် လူရိပ်အကဲကိုနားလည်လွန်းသည့်သားက ရိပေါ်မဖြေတာကိုကြည့်ပြီး ထပ်မမေးတော့ပေ။
"မနိုးသေးဘူးသားရဲ့....အခုကော်ဖီနဲ့ မုန့်စားနှင့်လေနော်....ပါပါးခွံ့ကြွေးမယ်..."