"ဘာဖြစ်လို့လဲ....."
မနက်စာစားဖို့အတွက် ပြင်ဆင်ပေးနေသော ရိပေါ်မှာ မျက်နှာလှလှလေးက တချက်တချက်မဲ့သွားသလို နှုတ်ခမ်းလွာတို့ကို တင်းတင်းစေ့ထားတာကြောင့် ရှောင်းကျန့်မေးမိတော့ ခေါင်းအသာရမ်းပြသည်။
ထိန်းထားပေမဲ့လဲ ရင်ထဲပျို့တက်လာတဲ့ အန်ချင်စိတ်ကြောင့်
"မရတော့ဘူး....."
"ဟမ်...ဘာမရ....ရိပေါ်....."
ထိုတခွန်းသာပြောပြီး လှစ်လှစ်ပါအောင် ပြေးထွက်သွားတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်အနောက်ကနေ လိုက်ရပြန်သည်။
ရေချိုးခန်းထဲက ဘေစင်မှာ ခေါင်းထိုးအန်နေတဲ့ ရိပေါ်ကြောင့် အနောက်ကနေ ကျောပြင်လေးကို ရှောင်းကျန့်အသာနှိပ်ပေးနေမိသည်။
"ရရဲ့လား....အဆင်ပြေလား....."
အန်လို့ဝသွားတော့မှ ပြန်မော့လာတဲ့ ဖြူဖျော့ေနတဲ့မျက်နှာလေးရဲ့နားသယ်စပ်လေးတွေမှာ ချွေးစလေးတွေက ခိုနေသလို နှုတ်ခမ်းလေးတဝိုက်မှာလဲ ရေစက်လေးတွေတင်ရှိနေတာကြောင့် လက်နဲ့တယုတယဖယ်သုတ်ပေးရင်း မေးမိတော့ မောနေဟန်နဲ့ ခေါင်းသာငြိမ့်ပြသည်မို့
"ကိုယ်ချီသွားမယ်နော်...."
"အင်း...."
ခွင့်တောင်းသလို ရှောင်းကျန့်ရဲ့အပြောကို မလှုပ်ရှားချင်အောင်ထိ ပင်ပန်းနေသည်မို့ ရိပေါ်ခွင့်ပြုလိုက်မိသည်။
ဒူးခေါက်ကွေးကနေ ပွေ့ချီလိုက်တော့ ပေါ့ပါးတဲ့ခန္ဓာကိုယ်လေးက အသာလေးပါလာခဲ့သည်။သူ့လည်တိုင်ကို လက်ဖြူဖြူလေးတဖက်နဲ့သိုင်းဖက်ရင်း ပုခူံးပေါ် ခေါင်းတင်ထားတဲ့ ရိပေါ်ရဲ့ နွမ်းလျတဲ့ပုံစံကြောင့် ရှောင်းကျန့်စိတ်ထဲမသက်မသာခံစားနေရသည်။
"ဒီလိုတွေ မင်းခံစားရမှန်းသိရင် ကိုယ်ကလေးထပ်မယူခိုင်းပါဘူးကွာ....."
ရိပေါ်ကိုယ်လေးကို မွေ့ယာပေါ်ချပေးရင်း နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို လက်နဲ့သပ်တင်ကာ စိတ်မကောင်းစွာ ရှောင်းကျန့်ပြောမိသည်။
"ရပါတယ်....သားသမီးရတနာဆိုတာ ထိုက်မှရတာပါ....ကျနော်အဆင်ပြေပါတယ်....."