Chapter 16

1.9K 118 16
                                    

"ဟား ဟား....မင်းကတော့ကွာ ဘာလို့တာဝါထဲမနေဘဲ ရှေ့တိုးတာလဲ...."

ရှောင်းကျန့်နဲ့ ရိလုံတို့ ဂိမ်းဆော့နေရင်းမှ သူ့ကိုကာမပေးလို့ နှုတ်ခမ်းလေးစူနေတဲ့ ရိလူံလေးခေါင်းကို ဆွဲဖွရင်း ရှောင်းကျန့်ဆိုမိသည်။

"Daddyက ကာမှမပေးတာကို သားသားအသတ်ခံရတာပေါ့...."

"နောက်တခါ ကာပေးမယ် ဟုတ်ပြီလား...."

ရှောင်းကျန့်တို့သားအဖရဲ့ ငြင်းခုန်နေသံကြောင့် ရိပေါ် designဆွဲနေရင်းမှ တချက်လှမ်းကြည့်ကာ နှုတ်ခမ်းလေးလှုပ်တယ်ဆိုရုံပြုံးလိုက်မိ၏။မာမားလဲ ဆေးရုံကဆင်းခဲ့ရပြီဆို‌တော့ အိမ်မှာပဲနေဖြစ်ကာ  ကိုယ့်အလုပ်ကို ပြန်အာရုံစိုက်လိုက်သည်။

"တီ...တီ...တီ...."

ဖုန်းသံကဆူညံစွာထွက်ပေါ်လာတာမို့ ရိပေါ် ထယူကာ ကြည့်မိတော့ ဟိူတယောက်ရဲ့ဖုန်းဖြစ်နေတာမို့ ယူကာ ရှောင်းကျန့်ကိုပေးလ်ုက်သည်။

"ဖုန်းလာနေတယ် ...."

ရိလုံလေးကို ပေါင်ပေါ်ပွေ့တင်ကာ စနှောက်နေတဲ့ ရှောင်းကျန့်ရှေ့ကို ဖုန်းထိုးပေးရင်း ရိပေါ်ပြောလိုက်တော့

"ဘယ်သူ့ဆီကလဲ....."

ပြန်‌မော့ကြည့်ရင်း မေးလာတဲ့ ရှောင်းကျန့်အား

"Roseyလို့ပေါ်နေတာပဲ...."

ရှောင်းကျန့်ကဘာမှမပြောဘဲ ဖုန်းပိတ်ပစ်လိုက်သည်။သား‌ကိုပေါင်ပေါ်မှချကာ

"သား မမလဲ့မေ့နဲ့ သွားကစားလိုက်ဦးနော်....."

ကလေးကို အပြင်ပထုတ်လိုက်ပြီးမှ ထိုင်နေရာကနေထကာ ရိပေါ်မျက်နှာကို ခပ်စူးစူးစိုက်ကြည့်ရင်း

"ဝမ်ရိပေါ်က တော်တော်သဘောထားကြီးတယ်နော်....ပြတိုက်ထဲ ပို့ထားဖို့တောင်ကောင်းနေပြီ....ကိုယ့်ယောက်ျားကို လေလံတင်တဲ့သူဆိုပြီး....."

"ခင်ဗျားပဲ စကားကိုအမျိုးမျိုးပြော‌ေနတာ....အဲ့ဒါတွေက ခင်ဗျားသိပ်မက်မောတဲ့ ခင်ဗျားရဲ့လွတ်လပ်ခြင်းတွေဘဲ မဟုတ်ဘူးလား....."

"ဝမ်ရိပေါ်...."

ရှောင်းကျန့်ရဲ့ ဒေါသတကြီးအော်သံက ဟိန်းခနဲ။သူစိတ်တိုတိုင်း ပုခုံးနှစ်ဖက်ကနေ စောင့်ခါတဲ့အကျင့်ကြောင့် ရိပေါ်နာကြင်သွားရသည်။

NightMareWhere stories live. Discover now