"ဟင်......မင်း...."
သူတို့ကို ပြုံးပြရင်း နှုတ်ဆက်လာတဲ့ အမ်မလီကြောင့် ရှောင်းကျန့်မျက်နှာတချက်ပျက်သွားပြီး
"ကျန်းချန်....ပြန်ကြမယ်....ငါmeetingရှိသေးတယ်....."
စားပွဲခေါ်ချထားတဲ့ ဖုန်းနဲ့ကားသော့ကို ကောက်ကိုင်ကာ ကျန်းချန်ကို ဆော်ဩလိုက်ပြီး မတ်တပ်ထရပ်လိုက်တော့
"ခနနေပါဦး Mr.ရှောင်း.....ကျွန်မပြောစရာလေးရှိလို့..."
သူ့အင်္ကျီလက်ကို ဆွဲကာ အမ်မလီက ထပ်မံတားဆီးလာတာကြောင့် ရှောင်းကျန့်လက်ပြန်ရုန်းလိုက်ရင်း
"ကျုပ်ကတော့ အမိနဲ့ပြောစရာဘာစကားမှမရှိဘူး.....ပြီးတော့ ကျုပ်အချိန်လဲမရဘူး......သွားမယ် ကျန်းချန်....."
မျက်လုံးအပြူးသားနဲ့ သူတို့နှစ်ယောက်ပြောနေတာကို လိုက်ကြည့်နေတဲ့ ကျန်းချန်က ရှောင်းကျန့်ရဲ့ပြောပုံဆိုပုံအရ ရိပေါ်သူငယ်ချင်းမလေးဖြစ်ရမယ်ဟု ခန့်မှန်းမိကာ
"ရှောင်းကျန့်....သူဘာပြောချင်နေတာလဲ ခနနားထောင်လိုက်ပါလားကွာ....."
ဒီမိန်းမနဲ့ မျက်နှာချင်းမဆိုင်ချင်ပါဘူးဆိုကာမှ ဒင်းကပါအလိုတူအလိုပါနဲ့ နားထောင်ခိုင်းလာတာမို့
"ကျစ်....ကဲ ပြော ဘာပြောမှာလဲ....မြန်မြန်ပြော ကျုပ်မအားဘူး အမိ....."
စိတ်မရှည်ဟန်နဲ့ အမ်မလီကိုဘုတောလိုက်ပြီး ခုံမှာပြန်ထိုင်လိုက်မိသည်။ထိုအခါမှ အမ်မလီပါ ဝင်ထိုင်ရင်း
"ရှင်မအားသလို ကျွန်မမှာလဲ အချိန်မပေါဘူး Mr.ရှောင်း.....အခုဟာက မပြောမဖြစ်လိူ့ပြောရမှာ.....တိုတိုနဲ့လိုရင်းပြောရရင် ရှင် ကျွန်မနဲ့ ရိပေါ်ကို အထင်လွဲနေတာမလား....."
မျက်နှာလေးမော်ချီကာ ပြောလာတဲ့လေသံကအစ အချိုးမပြေတာမို့ အမ်မလီကို ရှောင်းကျန့်ပြန်မဖြေဘဲ ခပ်စူးစူးစိုက်ကြည့်ပေးလိုက်သည်။
"အဟွန့်....ထင်သားဘဲ.....ဟိုနေ့ကထဲက ကျွန်မတွက်မိပြီးသားပါ.....ဒီမှာ Mr.ရှောင်း ကျွန်မနဲ့ ရိပေါ်က ရိုးရိုးသားသားပါ.....အခုမှ ခင်မင်ရင်းနှီးခဲ့ကြတာမဟုတ်ဘူး....ငယ်ငယ်ထဲက ခင်ခဲ့ကြတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေ....ကျွန်မတို့သာမရိုးသားခဲ့ကြရင် အခုချိန်မှာ ရိပေါ်ရဲ့သက်ဆိုင်သူက ရှင်ဖြစ်လာဖို့ ရှိမှာမဟုတ်ဘူး......"