ရုံးသွားဖို့အတွက် အဝတ်စားကူဝတ်ပေးနေတဲ့ ရိပေါ်က ရှောင်းကျန့်ကို ကြယ်သီးတပ်ပေးရင်း
"ရှောင်းကျန့်.....ကျနော် cardထဲကနေ ပိုက်ဆံနဲနဲယူသူံးချင်လို့....ရမလား...."
"မင်းကိုပေးထားတာပဲ.... မင်းသဘောကျ မင်းစိတ်ကြိုက်သုံးခွင့်ရှိတယ်လေကွာ....."
သူ့ကိုမော့ကြည့်ရင်း မေးလာတဲ့မျက်နှာလှလှလေးကို ရှောင်းကျန့်မကြည်လင်စွာနဲ့ ပြန်ငုံ့မိုးကြည့်ရင်း ဖြေလိုက်သည်။
"ဟုတ်ပါတယ် ကျနော့်ကိုပေးထားတာ.....ဒါပေမဲ့ ကျနော်ပိုင်တာမှမဟုတ်ဘဲ....အဲ့တော့ပိုင်ရှင်ဖြစ်တဲ့ ခင်ဗျားကို ခွင့်တောင်းရတာပေါ့...."
ဝမ်ရိပေါ်တို့က အဲ့လိုမာနခဲမျိုး....။အိမ်ထောင်ကျပါပြီဆိုထဲက ပေးထားတဲ့ cardကိူ တခါမှမသုံးခဲ့ဖူးပေ။ဘာလို့မသူံးလဲမေးရင် အဖြေကရှင်း၏.....ကိုယ်အပိုင်မဟုတ်လို့ မသုံးတာ....။
"ရိပေါ်ရာ....သူစိမ်းဆန်ပြန်ပြီကွာ....လင်ပစ္စည်းမယားပိုင်တယ်ဆိုတဲ့စကားက ဘယ်သွားထားမှာလဲ.....ကိုယ်မင်းနဲ့ နီးကပ်ချင်နေတာလေ....အရင်လိုတွေ မနေစမ်းပါနဲ့လားကွာ...."
ရိပေါ်ပုခုံးကို အရင်ကလို အကြမ်းပတမ်းဆောင့်မခါဘဲ ခပ်ဖွဖွလေးဆုပ်ကိုင်ထားရင်းက ပြောလာတဲ့ သူ့စကားများကြောင့် ရိပေါ်အံ့ဩမိပါသေးသည်။
ဘာလုပ်ဖို့လဲ ဘာအတွက်လဲလို့ မေးမယ်ထင်ခဲ့ပေမဲ့ အခုလိုကြည်ကြည်သာသာနဲ့ ခွင့်ပြုမယ်မထင်ခဲ့တာကြောင့်လဲ ပါမည်ထင်၏။
"ဘယ်လိုကြောင့်ပဲ နေနေပါ....ခင်ဗျားကို ကျနော် ကျေးဇူးတင်ပါတယ်......ကျနော် အောက်ဆင်းနှင့်မယ်နော်...."
ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်တော့မှ အခန်းထဲကနေ ထွက်သွားတဲ့ နောက်ကျောလှလှလေးကို ကြည့်ရင်း ဘယ်လိုရှေ့ဆက်ရပါလိမ့်။
ချစ်ပေမဲ့ ကိုယ်ကစိတ်မရှည်တက်တာနဲ့ ရိပေါ်ရဲ့မတုံတက်သေးပုံစံနဲ့တော့ ဟုတ်နေပါပြီ။ဟင်းးးးးစိတ်လျော့ ရှောင်းကျန့်ရေ.....အဲ့ရေခဲရိုက်ဝမ်ရိပေါ်ကို ချစ်တယ်မလား....အဆုံးရှုံးမခံနိုင်ဘူးမလား....စိတ်လျော့ထားလိုက်......။