မျန့်မျန့်နဲ့ ဆက်လက်ဆွေးနွေးလိုစိတ်မရှိတော့တာကြောင့် ကျောခိုင်းကာ ရှောင်းကျန့် ရိလူံလေးကစားနေတဲ့ဆီကို ထွက်လာခဲ့မိသည်။
ဝမ်ရိပေါ်ကို မချစ်ဘူးဆိုတာ မှန်၏....ဒါပေမဲ့ မျန့်မျန့်ပြောသလို အိမ်ထောင်ကွဲဖို့ကိုတော့ တခါမှမစဉ်းစားခဲ့ဖူးချေ။
ချုပ်နှောင်မှုကို မကြိုက်တဲ့သူ့အဖို့ အပျော်အပါးဆိုတာ မရှားခဲ့ပေ။ဒီအတောတွင်း ရည်းစားတွေထည်လဲတွဲလိုက် သူငယ်ချင်းတွေနဲ့ ပျော်ပါးလိုက်နဲ့ ဘဝကို သူ့စိတ်ကြိုက်ပျော်သလိုနေခဲ့မိသည်။
ဘယ်လိုပဲပျော်ခဲ့ပျော်ခဲ့၊ဘာတွေပဲဖြစ်ခဲ့ဖြစိခဲ့ လေးနက်မှုဆိုတာ ဘာမှမရှိခဲ့ပေ။သူရိပေါ်ကို ကြည့်မရစွာ မုန်းခဲ့သည်။နောက်ကလေးရလာတော့လဲ ထိုနည်းတူစွာပင် ရိပေါ်ကိုရော ကလေးကိုပါ နောက်လှည့်မကြည့်ဘဲ သူထင်သလိုနေခဲ့တာချည်းပင်။
အရွယ်ရောက်ပြီး ယောက်ျားသားတယောက်ကို ဒီခေတ်ကြီးထဲမှာ တံခါးပိတ်ပြီး လက်ထပ်ပေးစားဖို့ဆိုတာ မလွယ်ကူဘူးမလား။ရိပေါ်နဲ့လက်ထပ်ခိုင်းလို့ မကြေနပ်ဒေါသဖြစ်ခဲ့တာလဲသူကိုယ်တိုင်ပဲ။အပြင်မှာ ဘယ်လောက်ဘဲ ခြေရှုပ်နေနေ အချိန်တန်ရင် သူကြည့်မရပါဘူးဆိုတဲ့ ရိပေါ်ဆီပြန်ခဲ့တာလဲ သူကိုယ်တိုင်ပဲ ဖြစ်နေပြန်သည်။
"Daddy....."
ကျန်းချန်နဲ့အတူ အရုပ်ကောက်တဲ့စက်ရှေ့မှာ ဆော့နေရာကနေ သူ့ကို မြင်သွားတော့ ဝမ်းသာအားရနဲ့ အော်ခေါ်ပြီး အပြေးလာတဲ့ ရိလုံလေးကို
"ဖြေးဖြေးလာပါကွ....ချော်လဲလို့ ဒဏ်ရာရရင် မင်းပါပါးနဲ့ ပြသနာတက်နေပါဦးမယ်ကွာ...."
ရိလူံးခေါင်းလေးကိူ ဆွဲဖွရင်း ရယ်မောကာ ရှောင်းကျန့်ပြောနေပေမဲ့ သားက သူ့လက်ကို လက်ပုတိုတုတ်တုတ်လေးနှစ်ဖက်နဲ့ဆွဲကာ အရုပ်ကောက်တဲ့စက်အရှေ့ကို ခေါ်သွားတာမို့ ရှောင်းကျန့်လိုက်သွားမိသည်။
"Daddy....သားသားကို ဟိူယုန်ရုပ်လေးကောက်ပေးနော်....ဦးဦးကျန်းချန်ကမကောက်တက်ဘူးရယ်...."
"ဖအေ လာကာရှိသေးတယ် ငါ့ကို အခုတော့ပြောပြီပေါ့လေ....ဟုတ်လား ရှောင်းရိလုံလေး...."