Chapter 30

2.1K 120 24
                                    

ညည့်ဆယ့်နှစ်နာရီသာ ထိုးသွားသည်။ရှောင်းကျန့်အခုထိ အိပ်မရသေးပေ။ဒီဘက်ကို လှည့်စောင်းလိုက်တော့ သူ့ကိုကျောပေးကာ အိပ်ပျော်နေပြီဖြစ်တဲ့ ရိပေါ်ရဲ့ ဆံပင်ဝါဝါလေးတွေက ခေါင်းအုံးထက်ဖေးတင်လို့။

ပတ်လတ်လှန်အိပ်နေရာမှ ရှောင်းကျန့်ထထိုင်လိုက်ရင်း တဖက်ကရိပေါ်ကို ကြည့်နေမိသည်။တကယ်ဆို သူအိပ်မရတဲ့ညတွေများနေခဲ့ပြီ။လူမှုရေး၊စီးပွားရေးအကြောင်းတွေ သူ့ခေါင်းထဲမှာ မရှိသလို ရင်ထဲမှာလဲ ရည်ရွယ်ချက်တွေပျောက်ဆုံးနေရသည်သာ။

ဆံပင်ကြားထဲ လက်ထိုးထည့်ရင်း တဆက်ထဲ မျက်နှာကိုပါ ပွတ်ဆွဲမိသည်။အိပ်ယာပေါ်ပြန်လှဲချရင်း မျက်လုံးတွေကိုမှိတ်ထားလိုက်တော့ အမ်မလီရဲ့ပုံရိပ်က ထင်လာသည်။

ဆံပင်အလိပ်အခွေလေးတွေနဲ့ မျက်လုံးပြူးပြူးဝိုင်းဝိုင်းလေးတွေရှိတဲ့ အမ်မလီက မိန်းမချောလေးတယောက်ပင်။ဝတ်စားဆင်ယင်ပုံကလဲ ခေတ်နဲ့အညီစမတ်ကျသည်။ပြီး‌ေတာ့ ပညာတက်မိန်းမတယောက်။

ကိုယ့်စိတ်ကို ဘာမှန်းနားမလည်သေးခင် ထိုမိန်းကလေးနဲ့ ရိပေါ်ကို အတူတွဲမြင်လိုက်ရကာမှ သူ့တကိုယ်လုံး အရည်ပျော်မတက်ပူ‌ လောင်သွားရကာ ရိပေါ်ကိုသူအဆုံးရှုံးမခံနိုင်အောင်ထိ ချစ်နေမိတာကို နားလည်သွားရသည်။

ကိုယ့်တုန်းကတော့ ရည်းစားတွေထည်လဲတွဲခဲ့ပေမဲ့ ရိပေါ်ကိုတော့ ဘယ်သူငဲ့စောင်းကြည့်တာမှ မနှစ်မြို့နိုင်အောင် အတ္တကြီးနေမှန်းလဲ ကိုယ့်ကိုကိုယ်သိပါသည်။

မျက်လုံးတွေကို ဖျတ်ခနဲပြန်ဖွင့်လိုက်မိသည်။ကောက်ကွေးကြောင်းလေးတွေထင်းနေသည့် အဝါရောင်နုနုညဝတ်အင်္ကျီလေးနဲ့ ရိပေါ်က အိပ်နေတာတောင် ဆွဲဆောင်အားပြင်းနေတုန်း။

ရိပေါ်ကျောပြင်နဲ့ သူ့ရင်ဘတ်ထိကပ်နေအောင်ထိ တိုးကပ်လိုက်ရင်း ရိပေါ်ခါးသိမ်သိမ်လေးကို အနောက်ကနေ သိုင်းဖက်ထားမိသည်။အမြဲတမ်းလိုလို ချယ်ရီပန်းနံ့လေးသင်းနေသည့် နွေးပြီးနူးညံ့တဲ့အ‌ထိတွေ့ကြောင့် ခပ်တင်းတင်းသာ ဖက်ထားမိသည်။

ဂုတ်သားဝင်းဝင်းလေးထဲ မျက်နှာနှစ်လို့ လည်တိုင်ကျော့ကျော့ဆီ အနမ်းတို့ရွာချလိုက်ချင်ပေမဲ့ အိပ်နေရာမှ နိုးသွားမလားဆိုတဲ့ အတွေးနဲ့အတူ ဆံပင်ဝါဝါလေးတွေမှာပဲ အနမ်းတို့က ကြာရှည်နေခဲ့သည်သာ။

NightMareWhere stories live. Discover now