Unicode
ထိုပုံးထဲမှ စာရွက်လိပ်ပေါင်းများစွာကိုလည်း ရှင်းခရခဲ့ပါသည်။
' မင်းက ကိုယ့်ရဲ့ကမ္ဘာကြီးပါ '
' သက်ရှိပေါင်းများစွာ တည်ရှိနေတဲ့ Galaxy ကြီးထဲမှာ ကိုယ်အလိုချင်ဆုံး သက်ရှိလေးဟာ မင်းပဲ '
' ကိုယ်က မင်းရေလောင်းပေးမှဖြစ်မဲ့သစ်ပင်လေးပါ '
စာရွက်ထဲတွင်ရေးထားသော အမျိုးအစားစုံလင်လှသည့် ချစ်စကားများကြောင့် ရှင်းခမှာပြုံးနေတာကိုမရပ်နိုင်တော့။ သူသိတဲ့ စီအီးအိုမင်းအာဏာမောင်သည် ဘယ်တုန်းကဒီလိုတွေရေးတတ်သွားရတာလဲ။
စာရွက်တွေအားလုံးကုန်သွားတဲ့နောက်မှာတော့ ရှင်းခ စာလုံးလေးတွေကိုရခဲ့သည်။ ထိုစာလုံးလေးတွေမှာ ' a,o,r,o ' ဟူ၍ ဖြစ်သည်။
ရှင်းခ ထိုစာလုံးလေးများကို ကွက်လပ်တွင်ရွေး၍ထည့်လိုက်သည်။
I adore you ...။
အဓိပ္ပါယ်ကတော့ ' ကိုယ်မင်းကိုမြတ်နိုးတယ် ' တဲ့ ။
" အစ်ကို အဖြေမှန်သွားပါပြီရှင့် ၊ အခု ညီမက အစ်ကို့အတွက်ချန်ထားတဲ့အသံဖိုင်လေးကို ဖွင့်ပြပါမယ် "
အသံဖိုင်လေးစတဲ့အခါမှာတော့ ကြည်လင်ပြတ်သားရဲ့ စီအီးအိုရဲ့အသံက သူ့နှလုံးသားထံသို့နူးညံ့စွာရိုက်ခတ်သည်။
' ရှင်းခ ၊ ကိုယ်ပထမဆုံးပြောချင်တာကတော့ ကိုယ်တောင်းပန်ပါတယ် ၊ ကိုယ်ဘက်ကမင်းကိုစိတ်ညစ်အောင်လုပ်မိတာ ၊ မင်းကိုဂရုမစိုက်ပေးနိုင်ခဲ့တာတွေအတွက် ကိုယ်မင်းကိုတကယ်တောင်းပန်ပါတယ်.. ကိုယ့်ဘက်က လိုအပ်ခဲ့တာတွေရှိရင် ကိုယ်ထပ်ပြီးကြိုးစားပါ့မယ်လို့ ကတိပေးပါတယ် ၊ ကိုယ်လေ.. ကိုယ်မင်းကိုချစ်တယ်.. အဲ့တာကြောင့်မို့လို့ ကိုယ့်အနားမှာပဲနေပေးပါနော် ကိုယ့်ရဲ့ရှင်းခလေး .. '
အသံသာကြားရသော်လည်း အနားကိုလာပြီးပြောနေသလို ရှင်းခ ခံစားလိုက်ရသည်။ စီအီးအိုရဲ့အသံက တည်ကြည်ပြီး အေးချမ်းနေသည်။
သူ့ရင်ထဲတွင် တသိမ့်သိမ့်နွေးကာ ကြည်နူးသွားရ၏။
အာဏာက ဘေးမှရှင်းခကို ငေး၍ကြည့်နေသည်။ ပြုံးနေသည့်ကောင်လေးသည် အင်မတန်ချစ်ဖို့ကောင်းလှသည်။ ဖက်ထားချင်သည်။ ဖြစ်နိုင်မည်ဆိုလျှင် နှလုံးသားထဲတွင်တောင် ဒီကောင်လေးကို တစ်သက်လုံးသိမ်းထုပ်ထားချင်မိသည်။
ESTÁS LEYENDO
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)