Chapter 2👾

882 125 3
                                    


👾Chapter -2
[ စိတ်ဖတ်နိုင်သည့်စွမ်းရည်ဟုခေါ်ဆိုသော ]

ထိုအသံသည် အခြားအသံတစ်ခု၏ နှောင့်ယှက်မှုအောက်တွင် သာမန်ထက်လွန်ကဲစွာ အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။

လင်းဟန်သည် ခေတ္တမျှ တောင့်တင်းသွားသော်လည်း လျင်မြန်စွာပင်  ပြန်လည်စိတ်တည်ငြိမ်သွားပြီး တစ်ဖက်လူ၏ ထိုစဉ်က မှတ်တမ်းများကို ဆက်လက်နားထောင်လိုက်သည်။

ထိုနေရာ၌ အန္တရာယ်တစ်ချို့ ရှိနေခဲ့ပုံပေါ်လေသည်။

သူ့နာမည်ကို ပြောပြပြီးသည်နှင့်တစ်ပြိုင်နက် မက်ခါအဖြတ်တောက်ခံလိုက်ရသည့် နားကွဲလုမတတ်အသံများကို ကြားလိုက်ရသော်လည်း ဟယ့်ယွင်ထင်၏ အသံကမူ အနည်းငယ်မျှ  တုန်ယင်သွားခြင်းမရှိခဲ့ချေ။ ထိုအသံများမှာ လင်းဟန်တစ်ယောက်ထဲရှိနေသည့် ယာဥ်၏မောင်းနှင်ခန်းထဲတွင် အရိုးများကိုပင် ကွဲအက်စေမည့် လေအေးများနှင့်အတူ ပဲ့တင်သံထပ်နေသည်။

ဤမှတ်တမ်းကို နားထောင်မိသူသည်  အခြေအနေကို ပြန်လည်မွမ်းမံရန် ရည်ရွယ်ချက်မရှိသူလည်းဖြစ်နေနိုင်သဖြင့် ထိုသူက အသေးစိတ်အချက်အလက်များကို မပြောလာခဲ့ချေ။ ထိုအစား အဓိကအရေးကြီးသည့် အစိတ်အပိုင်းများကိုသာလျှင် လိုရင်းတိုရှင်း ပြောလာသည်။

" ဒါက သာမန်ကြယ်တာရာဓားပြတွေ ရဲ့ ချောင်းမြောင်းတိုက်ခိုက်တာမျိုးမဟုတ်ဘူး။ သာမန်အတိုင်းသာဆိုရင်  တိုက်ပွဲ၀င်သံချပ်ကာ၀တ်စုံတွေရဲ့ နောက်ကျောမှာ ပေါက်ကွဲအားပြင်းတဲ့ဗုံးတွေ တပ်ဆင်ထားပြီး သူတို့ကိုယ်သူတို့ ဖောက်ခွဲ၊ အသေခံမှာမဟုတ်ဘူး ။ သူတို့ရဲ့ပစ်မှတ်က ငါပဲ "

ထိုအခါ လင်းဟန်မှာ လုံးလုံး အံ့ဩသွားရတော့သည်။ ဤသည်က သူ ထင်ထားခဲ့သည်နှင့် လုံးလုံး ကွာခြားနေခဲ့သည်။

ကြယ်တာရာဓားပြများမှာ ဆင်းရဲသားပြစ်မှုကျူးလွန်သူများဖြင့် ဖွဲ့စည်းထားသည့် အုပ်စုတစ်စုဖြစ်ပြီး ဆိုးယုတ်သည့်အရာများကို ခြေဦးတည့်ရာ သွားကြရင်း ပြုလုပ်တတ်ကြသည်။ ၎င်းတို့၏လက်နက်များမှာလည်း တခြားဂြိုလ်ငယ်များဆီမှ ဓားပြတိုက်၍ ရရှိလာသည့်အရာများပင်ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့၏ တိုက်ပွဲဝင်သံချပ်ကာများနောက်ကျောတွင် ပေါက်ကွဲစေသည့်အရာများရှိနေခဲ့လျှင် ထိုသံချပ်ကာအရှေ့ဘက်၌မူ အင်အားကောင်းသည့် ‌အမြှောက်များ တပ်ဆင်ထားရ‌ပေမည်။ ထိုအခါမှသာ ၎င်းတို့သည် သုညအကွာအဝေးတွင်ပင်လျှင် အခြားသူများကို လျင်မြန်စွာ ချဉ်းကပ်၍ သတ်ဖြတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းအား ထုတ်လွှတ်လိုက်အခါ မိမိကိုယ်ကိုယ် ထိခိုက်စေလျှင်တောင်မှ နောက်ဆုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now