👾Chapter 31
【မစ္စတာလင်းက အိပ်ပျော်နေရင် အရမ်းချစ်ဖို့ကောင်းတယ်】လင်းဟန်၏ ခန္ဓာကိုယ်ထက် ဖုံးကာပေးထားသော အနွေးဓါတ်လေးက ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားလေရာ ချက်ချင်းပင် အေးစိမ့်လာပြီး မသိစိတ်အရ ခန္ဓာကိုယ်လေးကို ကျုံ့မိသွားကာ စိတ်ပူပန်မှုတို့ကြောင့် မျက်တောင်လေးများ တုန်ယင်သွားစေခဲ့သည်။
ဝမ်ထျန်းယောင်က ဟယ့်ယွင်ထင်တစ်ယောက် အဝေးသို့ လျှောက်သွားလေသည်ကို မြင်လိုက်ရသဖြင့် ဇဝေဇဝါဖြစ်ပုံဖြင့် နာမည်ခေါ်မိလိုက်သည်။
"ဗိုလ်ချုပ်..."
ဤတစ်ကြိမ်တွင်လည်း ဟယ့်ယွင်ထင်မှာ လင်းဟန်အား နှောက်ယှက်မိမည်ကို စိုးရိမ်နေသည့်အလား စကားပြောမလာပြန်ပေ။
လင်းဟန်မှာ မျက်လုံးများပိတ်ထားနေသည့်တိုင် သူ့အား ချဥ်းကပ်လာနေသည့် ဖိနှိပ်စေတတ်သော အရှိန်အဝါတစ်ခုကို ခံစားမိနေဆဲပင်။
သို့သော်ငြား တစ်ဖက်လူက ဟယ့်ယွင်ထင် ဖြစ်နေသည်ဟူသော အချက်ကို တွေးမိသွားသဖြင့် ဟယ့်ယွင်ထင်ဘက်မှ သူတို့ပြောခဲ့သည့် စကားများအား လင်းဟန် ကြားလိုက်ရသည်ကို သိသွားသည့်တိုင် စိတ်ခုသွားမည် မဟုတ်ဟု သေချာသိနေသည့်အလား မူလက ရှိနေသာ တင်းအားများကို လျှော့ချလိုက်သည်။
ဟယ့်ယွင်ထင်က လင်းဟန်အနီးသို့ လျှောက်လာကာ ရပ်တန့်လိုက်သည်။
လင်းဟန်က ဆိုဖာ၏ ညာဘက်ခြမ်းတွင် လဲလျောင်းနေကာ ဘက်ဘက်လက်က ညာဘက်လက်ပေါ်သို့ တင်ထားပြီး ဟယ့်ယွင်ထင်၏ ဂျာကင်အင်္ကျီ လစ်လပ်နေမှုကြောင့် အအေးဓါတ်ကို ခံစားနေရပုံဖြင့် ခြေတံလေးများအား ကွေးထားလေသည်။ ကိုယ်လေးအား ကွေးထားပုံမှာ အနွေးဓါတ်လေးတစ်ခုအား ဆွဲယူချင်မိပုံဖြင့်ပင်...
ထိုသူက အဖြူစွတ်စွတ် ယူနီဖောင်းလေး ဝတ်ထားပြီး မျက်လုံးများကို တင်းတင်းစေ့ထားကာ အနက်ရောင် ဆံနွယ်ပျော့လေးများက နဖူးထက်သို့ ဝဲဖြာကျနေ၏။ နှုတ်ခမ်းလေးများက ခပ်ဟဟ ပွင့်နေချိန်တွင် မျက်တောင်ကော့လေးများက အနည်းငယ် လှုပ်ခါသွားပုံရပြီး လုံးဝ အပြစ်ကင်းနေသည့် ပုံစံလေး ဖြစ်နေသည်။
YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း