👾Chapter 25
ကျွန်တော့်ကိုကြိုက်လားဟင်နှစ်စက္ကန့်မျှအကြာတွင် ဟယ့်ယွင်ထင်သည် လင်းဟန်က ခုနကမှ နိုးလာပြီး အေးနေမည်စိုးသောကြောင့် အခန်းထဲမှ အပူပေးစက်ကို ဖွင့်ပေးလိုက်သည်။ ထို့နောက် သူ၏ ဂျာကင်ကို ချွတ်၍ ချိတ်၌ ချိတ်ကာ ရှပ်အင်္ကျီကို အပေါ်မှ ကြယ်သီးတစ်လုံးဖြုတ်၍ ဆိုဖာပေါ်ထိုင်လိုက်သည်။
ဟယ့်ယွင်ထင်က လင်းဟန်နှင့် လွန်ခဲ့သည့် နာရီအနည်းငယ်ကမှ ကိစ္စများဖြစ်သွားခဲ့သော်လည်း ယခု၌ လင်းဟန်နှင့် မည်သို့စကားပြောရမည်မသိဖြစ်သေးပုံရသည်။
"ကိုယ် မင်းကို mark မလုပ်လိုက်ဘူး..."
ဟယ့်ယွင်ထင်၏အသံက ခုနကလောက်တော့ ဗလုံးဗထွေးဖြစ်မနေတော့ပေ။
"စိတ်မပူပါနဲ့...ကြောက်လည်း မကြောက်နဲ့တော့..."
ခဏအကြာမှ ဟယ့်ယွင်ထင်က ထပ်မေးလိုက်သည်။"အဆင်ပြေရဲ့လား..."
လင်းဟန် ဟယ့်ယွင်ထင်ကို လှမ်းကြည့်ရင်း ပြုံးလိုက်မိသည်။ တကယ် အခြေအနေမကောင်းဖြစ်နေသူက ဟယ့်ယွင်ထင်ဖြစ်သော်လည်း သူ့ နည်းနည်းလေးပြန်ကောင်းသည်နှင့် လင်းဟန်နားသို့လာ၍ မကြောက်ရန် နှစ်သိမ့်ပေးနေလေသည်။
"ကျွန်တော် အဆင်ပြေပါတယ်...ခုနက ကောင်းကောင်းအိပ်ပျော်သွားတယ်..."
လင်းဟန်ကပြောလိုက်သည်။
"ဗိုလ်ချုပ်ရော...ဘယ်လိုနေသေးလဲဟင်..."လင်းဟန်တကယ်မေးချင်သည်က အခု rut အချိန်မှာ နေသာထိုင်သာရှိရဲ့လား ဟုပင်။ ယခင်တစ်ခေါက်တုန်းက ဟယ့်ယွင်ထင်သည် မက်ခါထဲ၌ သုံးရက်တိုင်တိုင် တစ်ယောက်တည်း ထိုင်နေခဲ့သည်ဟု လုအန်းဟယ်ပြောခဲ့သောကြောင့် ယခုတွင်ရော ဤမျှ အချိန်တိုတိုအတွင်း ကောင်းပါ့မည်လား ဟု လင်းဟန် စိုးရိမ်နေမိသည်။
အိုမီဂါတစ်ယောက်၏ ဖယ်ရိုမုန်းက rut အချိန်ရောက်နေသော အယ်လ်ဖာကို သက်သာစေမှန်း လင်းဟန်သိသော်လည်း ယခုကဲ့သို့ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ဖယ်ရိုမုန်းမည်မျှ ထုတ်ရမည်လဲ သို့မဟုတ် ထိုဖယ်ရိုမုန်းများက မည်မျှကြာကြာခံမည်လဲ စသည်တို့ကို သူ ဘာမှမသိချေ။
YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း