👾Chapter 29
【မစ္စတာလင်းက နုနယ်လိုက်တာ】ဝမ်ထျန်းယောင်က အရင်ဆုံး အနားယူချင်နေပြီး လုအန်းဟယ်က ကိုင်တွယ်စရာ အခြားသောကိစ္စများရှိနေသဖြင့် လင်းဟန်နှင့်ဟယ့်ယွင်ထင်သည်သာ ညွှန်ကြားရေးအခန်းထဲတွင် ကျန်ရှိနေလေတော့သည်။
လင်းဟန်က သူသိထားသည့် အချက်အလက်များကို ဟယ့်ယွင်ထင်အား မည်သို့ အသိပေးရမည်ကို တုံ့ဆိုင်းနေသည်။ အဆုံးတွင် သူသိထားသည်များက နည်းလွန်းနေလေရာ ပြီးပြည့်စုံသော အနှစ်ချုပ်တစ်ခုအတွက် ပေါင်းစည်းလိုက်ရန်ကလည်း နည်းလွန်းနေသေးသည်။
သူသာ ဝမ်ထျန်းယောင်က စစ်တပ်အုပ်စုဝင်တစ်ယောက်ဟု ပြောလိုက်ပါက အခြေအမြစ်မရှိဘဲ ပြောလိုက်လျှင် ဟယ့်ယွင်ထင်သည်လည်း ယုံကြည်ပေးမည် မဟုတ်ပေ။
ဟယ့်ယွင်ထင်မှာ အလုပ်လုပ်နေဆဲ ဖြစ်ပြီး အနှောက်အယှက် ပြု၍ မဖြစ်ပေ။ သူသည်လည်း နေ့လည်စာ မစားရသေးသည့်အပြင် အာဟာရဓါတ်စာများလည်း အသုံးမပြုရသေးသဖြင့် ဟယ့်ယွင်ထင်အား အရင်ပြန်သွားမည်ဟုသာ ပြောလိုက်သည်။
"ဒါဆို ကျွန်တော့်အခန်းကို ပြန်သွားပါတော့မယ်... ဗိုလ်ချုပ်" လင်းဟန်က တယဥ်တကျေး ပြောလိုက်သည်။
သို့သော်လည်း ဝမ်ထျန်းယောင်က သူ့အား အမြဲတမ်း မသက်မသာ ခံစားရအောင် လုပ်နေသည်။ ထို့ကြောင့် လင်းဟန်က စာရွက်တစ်ခုကို ဆွဲကာ လက်များကို သုတ်လိုက်သည်။
ဟယ့်ယွင်ထင်က တစ်ခဏကြာမှ ပြန်ဖြေလာခဲ့သည်။ "အိုကေ"
လင်းဟန်က ထိုအခိုက်တွင် ဟယ့်ယွင်ထင်တစ်ယောက် စိတ်ကောင်းဝင်နေခြင်းမရှိဟု ခံစားလိုက်ရသဖြင့် စပ်စုကြည့်လိုက်သည်။
"တစ်ခုခု ဖြစ်နေတာလား"
"ဘာမှမဖြစ်ဘူး"
လင်းဟန်ကလည်း ဟယ့်ယွင်ထင် သူ့အား ပြောပြလာမည် မဟုတ်ဟု တွေးထားပြီးသားဖြစ်ရာ စိတ်မဆိုးမိပေ။
"ဒါဆို ကျွန်တော် သွားနှင့်တော့မယ်"
"ခဏစောင့်" လင်းဟန် တံခါးကို လက်လှမ်းဟန်အပြုတွင် ဟယ့်ယွင်ထင်က တစ်ခဏမျှ တုံ့ဆိုင်းသွားပုံရသော်လည်း ပါးစပ် ဟလိုက်လေသည်။
YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း