Chapter 39

149 31 1
                                    

👾Chapter 39
“ကျွန်​တော့်ကို ထူ​ပေးပါ”

သူ​တွေးရသ​​လောက် ဟယ့်ယွင်ထင်ထံတွင် ထိုသူနှင့် ပတ်သက်ကြီး ကိုယ်တိုင်ပင် မသိနိုင်သည့် ဖြူစင်ခြင်းတစ်မျိုး ရှိ​နေ၏။

စကားလုံးများဖြင့် ပြောရပါက ရိုမန့်တစ်ဆန်​သည့် နောက်ထပ် သ​ဘောတရားတစ်ခုလည်း ဖြစ်​နေ​သေးသည်။

ဟယ့်ယွင်ထင်က rutကာလအတွင်း သူ့အားဖက်လာချိန်၌ အခြားအ​တွေးများ ရှိမ​နေဘဲ သူ့အား ကြိုက်​နေသလား မကြိုက်ဘူးလားဟု ဟာသ​နှော၍ မေးလာစဥ်မှာပင် 'ကိုယ် မသိဘူး'ဟု မ​ပြောခင် အ​လေးအနက် စဥ်းစား​နေခဲ့​သေးသည်။

လင်းဟန်မှာ ဟယ့်ယွင်ထင် ကိုယ်၌က သူ၏ အတွင်းစိတ်များကို သတိမထားမိသည်လားဟု တွေးမိသည်။

ဤနှစ်များအတွင်း မိသားစုနှင့် တိုင်းပြည်၏ တာဝန်များ ထမ်းပိုးကာ အ​မှောင်ထဲတွင် တစ်​ယောက်တည်း လျှောက်လှမ်းလာခဲ့ရသည်။မြင့်မားလှတဲ့ တာဝန်တွေ​ကြောင့် အသက်​ကောင်းကောင်း မရှူနိုင် ဖြစ်နေရတာလား... ကြယ်တာရာ​တွေမှာ မိန်း​မောသွားတာမျိုး အဆက်မပြတ် နစ်ဝင်သွားခဲ့တာလား...

သို့​သော်လည်း ထိုသို့ ဖြတ်​ကျော်ခဲ့သည်​ကြောင့် ခန္ဓာကိုယ်တွင် စွဲကပ်​နေ​သော ရွှံ့များကို ဖယ်ချကာ ချောက်နက်ထဲသို့ ပစ်လွှင့်လိုက်ပြီး​နောက် နေ​ရောင်​​အောက်တွင် မျှော်လင့်ချက်များနှင့်အတူ ရပ်တည်လာနိုင်ခဲ့သည်။

နဂါး​ငွေ့တန်းက ကြီးမားကျယ်​ပြောလှ​သော်လည်း ၎င်းထံမှ ငြိမ်းချမ်းတိတ်ဆိတ်မှု ရရှိနိုင်သည်။

လင်းဟန်မှာ ရုတ်တရက်ဆိုသလို ယခင်က ရရှိခဲ့​သော အချည်းနှီးခံစားချက်များမှာ တန်ဖိုးမရှိ​တော့သကဲ့သို့ ခံစားလိုက်ရသည်။ ပုံစံအမျိူးမျိုးရှိ​​သော အပိုင်းအစများက စကြဝဠာအတွင်း တိုးထွက်လာကာ အဆုံးမရှိ​သော စက်ဝိုင်းပုံစံ ဖြစ်​ပေါ်လာ​စေသည်။

"ကြည့်လိုက်" ဟယ့်ယွင်ထင် မော့ကြည့်လိုက်သည်။

"ကိုယ်တို့နဲ့ သိပ်မ​ဝေးတဲ့​နေရာမှာ ရှိ​နေတာ အမှုန်အမွှားနက်ဗျူလာပဲ" လင်းဟန် သူ့အကြည့်​နောက်သို့ လိုက်သွားသည်။ အပြာနုနု နက်ဗျူလာများက အစုအ​ဝေးတစ်ခုအဖြစ် စုစည်း​နေကာ ၎င်းတို့ထံတွင် နာမည်ပင် မရှိဘဲ အနီးအနားရှိ ကြယ်များ၏ ရောင်ပြန်များ​ကြောင့်သာ မြင်ရခြင်းဖြစ်သည်။ 

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now