Chapter 32

330 57 1
                                    

👾Chapter 32
လက်​ပေးပါ

"လုပ်ကြံမှုက သူနဲ့ မဆိုင်တာလည်း ဖြစ်နိုင်တယ်... ဘာလို့လဲဆို​​တော့ သူ့ရဲ့ ရည်ရွယ်ချက်က..."

လင်းဟန် အသက်ရှုသွင်းလိုက်ပြီး​နောက် တဖြည်းဖြည်း အသံတိုးဖျလာကာ ရှက်ရွံ့မှုအချို့ဖြင့် ပြောလိုက်သည်။

"သူက ဗိုလ်ချုပ်နဲ့ ရင်းနှီးဖို့ ကျွန်​တော့်ကို အသုံးချချင်​နေတာ... သူက ဗိုလ်ချုပ်က ကျွန်​တော့်ကို တော်​တော်​လေး ဂရုစိုက်နေတယ်ဆိုပြီး ထင်​နေတာ... ကျွန်​တော့်ကို သိမ်းသွင်းနိုင်သ​ရွေ့ ကျွန်​တော်ကလည်း ဗိုလ်ချုပ်နဲ့ အတူရှိလာမယ်ဆိုရင်... ပြီး​တော့ ကျွန်​တော်တို့ရဲ့ ဆက်ဆံ​ရေး နီးကပ်လာတာနဲ့ ကျွန်​တော့်ကို သူတို့ အသုံးချလိုက်မယ်... ဒါဆို ဗိုလ်ချုပ်က မစ္စတာလောရဲ့ဘက်ကို ပါသွားနိုင်ပြီ"

လင်းဟန်မှာ ထိုစကားများကို အ​တော်​လေး နေရခက်ဟန်ဖြင့် ပြော​နေရသည်။ အဆုံးတွင် ဝမ်ထျန်း​ယောင်၏ အ​တွေးထဲ၌ သူနှင့် ဟယ့်ယွင်ထင်မှာ သံနှင့် တွဲဆက်ထားသည့် စုံတွဲများ ဖြစ်လုနီးပါးပင်။ သူက စကားလုံးအချို့ ထပ်​ပြောရန် ကြိုးစားလိုက်​သော်လည်း ဝမ်ထျန်း​ယောင်ထံမှ ကြားထားခဲ့​သော အချက်အလက်များအားလုံးကို ခက်ခက်ခဲခဲ ပြောထုတ်​နေရသည်။

လင်းဟန်မှာ အမှန်တွင် ကောင်စီမှ အုပ်စုနှစ်ခုအ​ကြောင်း ကိစ္စအချို့သာ သိထားသဖြင့် ပို၍ နက်ရှိုင်းစွာ ဆက်သွယ်နေကြ​​သော ဆက်ဆံ​ရေးအ​ကြောင်းများကို မသိ​သော်ငြား လိုရမယ်ရဖြင့် သူသိထားသမျှ အားလုံးကို ပြောပြ​ပေးချင်သည်။

သူ့ထံတွင် စိတ်ဖတ်စွမ်းရည်မရှိပါက အရာအားလုံး ဝမ်ထျန်း​​ယောင် စီစဥ်ထားသည့်အတိုင်း ဆက်သွားနိုင်သည်။ ဟယ့်ယွင်ထင်ကလည်း နှစ်ဖက်လုံးနှင့် ပြေလည်သူ ဖြစ်မလာ​တော့ဘဲ နိုင်ငံ​ရေးအ​ခြေအ​နေများလည်း ပြောင်းလဲသွား​ပေမည်။ ယင်းက အင်ပါယာအတွက် ဆိုးသည်လား ကောင်းသည်လား သူ မ​ပြောနိုင်​ပေ။

လင်းဟန်မှာ အသက်ရှုသံ တည်ငြိမ်မသွားခင်အထိ ဆက်​ပြော​နေပြီး ထပ်​ပေါင်း​ပြောလိုက်သည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now