Chapter 33

371 65 0
                                    

👾Chapter 33
【သူ့လက်ကို ဖဲပြားနဲ့ ချည်ပြီး မျက်လုံးကို စည်း​ပေးထားချင်တယ်】

လင်းဟန်က သူ၏ လက်ငါး​ချောင်းကို ခပ်ဖွဖွ ထွေးဆုပ်ထားသည့် လက်တစ်ဖက်က ချက်ချင်း တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။

စိတ်လိုက်မာန်ပါဖြင့် သွေးပူ​နေစဥ် ပြောလိုက်ခြင်း ဖြစ်ပါ​သော်လည်း ဟယ့်ယွင်ထင် ယုံသည်ဖြစ်​စေ မယုံသည်ဖြစ်​စေ ထိုသူကို အမှန်တရားအား ပြောပြချင်​နေခြင်းသာ ဖြစ်သည်။

ယ​နေ့တွင် တတိယအဆင့် ရွေးချယ်မှု စတင်ခဲ့ပြီးဖြစ်သည်။ ဟယ့်ယွင်ထင်ကလည်း ပြိုင်ကွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းလာကာ ကြီးကြပ်​ပေးသဖြင့် သူ ဝတ်​လေ့ရှိသလို သာမာန်ကာလျှံကာ ဝတ်ဆင်မထားဘဲ တခမ်းတနားဖြင့် ဝတ်စုံပြည့် ဝတ်ဆင်ထားသည်။

ဟယ့်ယွင်ထင်က ပုခုံးထက်ရှိ ရွှေချည်ပန်းဖွား ပုခုံး​ထောက်၏အောက်နှင့် အဝတ်အစားများ၏ ကြယ်သီးများအကြားတွင် ရွှေရောင် ဖဲပြားတစ်ခု ဆင်ယင်ထားပြီး အပြာ​ရောင်​ဖျော့​ဖျော့ စစ်တပ်ဝတ်စုံကို တွယ်ချိတ်ထားကာ အရိပ်​ဖျော့​ဖျော့ ထင်​စေသည်။ အမူအရာက မ​ပြောင်းလဲ​သော်ငြား လင်းဟန်၏ လက်ကို ကိုင်ထားဆဲ ဖြစ်သော လက်က မသိစိတ်အရ တုန်ယင်သွားသည်။ ထိုအခိုက်တွင် တည်ငြိမ်နေခြင်း မရှိ​​သော လက်ပိုင်ရှင်၏ ခံစားချက်များကို ဖော်ထုတ်ပြသလာသည်။

လင်းဟန်က တစ်ဖက်လူ၏ တုန်ယင်ချင်​နေ​သော လက်​ချောင်းထိပ်​လေးများကို ခံစားမိ​နေပြီး သူ့နားထဲ၌ နှလုံးခုန်သံကို ကြားလိုက်မိမှသာ ဟယ့်ယွင်ထင်မှာ စိတ်လှုပ်ရှား​နေပုံရ​ကြောင်း နောက်ကျမှ နားလည်ခဲ့ရသည်။

【စိတ်ဖတ်တာက ဘာကြီးလဲ】

【မစ္စတာလင်းက ငါအခု တွေး​နေတာ​တွေက သိသွားမှာလား】

【ဘာလုပ်ရ...】

【ငါ ဘာလုပ်ရမလဲ】

【မစ္စတာလင်းက ငါ​တွေး​နေတာ​တွေကို ဘယ်လို သိမှာလဲ】

【ဒါ​​ပေမယ့် မစ္စတာလင်းက သူ့ကို ယုံကြည်​ပေးဖို့ ပြောထားတယ်​လေ】

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now