👾Chapter 24
ကိုယ် မင်းကိုပဲ ဖက်ထားချင်ရုံပါလင်းဟန်သည် ဟယ့်ယွင်ထင်ချီထားခြင်းကို ခံနေရဆဲဖြစ်၍ နှစ်ယောက်သား အချိန်တော်တော်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောကြပေ။
ဟယ့်ယွင်ထင်၏ လုပ်ရပ်က အနည်းငယ် ကြမ်းတမ်းသယောင်ဖြစ်သွားသော်လည်း လင်းဟန်၏ခါးကို ကိုင်ထားသည့်လက်ကတော့ မမျှော်လင့်စွာပင် ပျော့ပျောင်းပူနွေးနေ၏။
ညစာစားပွဲတုန်းက လင်းဟန်ကိုင်ခဲ့သော ဟယ့်ယွင်ထင်၏လက်များထက် ယခု ဟယ့်ယွင်ထင်၏လက်များက ပို၍ ပူနွေးနေကြကာ သူ့ကို တစ်စက္ကန့်မျှပင် လက်ထဲမှ အလွတ်မခံနိုင်သလို တင်းကြပ်စွာ ထွေးပိုက်ထားကြသည်။
ဟယ့်ယွင်ထင် ပွေ့ချီထားသော ပုံစံက အနည်းငယ် မသက်မသာဖြစ်စေသောကြောင့် လင်းဟန် လက်ကို ထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ဟယ့်ယွင်ထင်က ချက်ချင်းသတိထားမိသွားကာ ပို၍ပင် တင်းကြပ်စွာ ဖက်လိုက်လေသည်။
"မလှုပ်နဲ့..."
ဟယ့်ယွင်ထင်၏အသံက တိုးတိတ်ဩရှနေ၍ သစ်မွှေးနံ့များ ထုံမွှန်းနေသည်။
လင်းဟန် အနည်းငယ် အံ့ဩသွား၍ ဟယ့်ယွင်ထင်၏ရင်ခွင်၌ သူ့ပါးကို အပ်၍ လက်ချောင်းများကို တင်းတင်းဆုပ်လိုက်မိသည်။ လင်းဟန်၏မျက်တောင်များက ရှည်လျားသောကြောင့် ဟယ့်ယွင်ထင်၏ ယူနီဖောင်းနှင့် ပွတ်တိုက်မိနေသည်။ ဟယ့်ယွင်ထင်၏ ယူနီဖောင်းမှ ဖယ်ရိုမုန်းသစ်မွှေးနံ့ သိပ်မရပဲ ဟယ့်ယွင်ထင်၏ ကိုယ်ပိုင်အနံ့ဟု ခေါ်နိုင်သော မီးခိုးနှင့် မီးအနံ့ ပိုရနေသည်။
ထိုအခိုက်၌ သူ လုအန်းဟယ်၏စကားများကို ပြန်သတိရသွား၍ ယခု သူ့ကို ပွေ့ဖက်ထားသူသည် ဤကဲ့သို့ အခြေအနေ၌ မက်ခါထဲတွင် သုံးရက်တိုင်တိုင် မည်သို့များနေမည်လဲဟု စဉ်းစားကာ စိတ်မကောင်းဖြစ်သွားမိသည်။
ဟယ့်ယွင်ထင်က မလှုပ်ရန်ပြောထားသောကြောင့် လင်းဟန်လည်း မလှုပ်မိစေရန် ခန္ဓာကိုယ်ကို တောင့်ထားမိသည်။ တစ်ချိန်တည်းမှာပင် ဟယ့်ယွင်ထင်၏ရင်ဘတ်မှ တုန်ခါမှုကို နားထောင်ရင်း သူ ဖယ်ရိုမုန်းအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။
YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း