Chapter 40

178 34 1
                                    

👾Chapter 40
[ငယ်ရွယ်စဉ်မှာ အရာအားလုံးက အလားအလာရှိတယ် ]

လင်းဟန်က ကျောကို မတ်မတ် ရပ်​နေပြီး သွက်သွက်လက်လက် ရှိပုံရသည့် မေဂျာအဆင့် အရာရှိငယ်​​လေးကို ကြည့်လိုက်သည်။ နှုတ်ခမ်း​ပေါ်တွင် အပြုံးစတစ်ခုနှင့် ဟယ့်ယွင်ထင်အား အနည်းငယ် ကြောက်ရွံ့​လေးစားပုံရသည်။

“နယ်နိမိတ်စည်းက လတ်တ​လောမှာ တည်ငြိမ်တဲ့ အပူချိန် ရှိပါတယ်... ကျွန်​တော်တို့ ဆင်းသက်နိုင်မှာ ဖြစ်ပြီး​တော့ ကြယ်တာရာဓါးပြ​တွေကိုလည်း မ​တွေ့ရပါဘူး.. ပြီး​တော့ ဇီဝမျိုးကွဲများ ပေါင်းစည်းစနစ်ကို လှမ်းပြီး ဆက်သွယ်ပြီးပါပြီ... တစ်ဖက်ကလည်း လွန်ခဲ့တဲ့ နှစ်​တွေကလိုပဲ လေ့ကျင့်​ရေး​တွေကို ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်... ဒါ​ကြောင့် ဗိုလ်ချုပ် စိတ်ချထားလို့ ရပါတယ်... သင်္ဘော​ပေါ်က မောင်းနှင်သူ အားလုံးကလည်း ရုပ်ပိုင်းဆိုင်ရာ အ​​ခြေအ​နေ ကောင်းမွန်ကြပါတယ်... လေ့ကျင့်​ရေးအတွက် လက်နက်​တွေကိုလည်း တပ်ဆင်​ပေးပြီးပါပြီ"

ဇီဝမျိုးကွဲများ ပေါင်းစည်းစနစ်မှာ နယ်နိမိတ်မျဥ်း၏ အနီးအနားတွင် တည်ရှိပြီး ပုံမှန် မဟုတ်သည့် ဇီဝမျိုးကွဲသတ္တဝါများစွာ နေထိုင်ကြသည်။ အလိုအ​​​လျောက် အသိစိတ်ရှိသည့် အဆင်နိမ့် သတ္တဝါများအပြင် လူသားများနှင့် ဆက်သွယ်နိုင်သည့် အဆင့်မြင့်သတ္တဝါများလည်း ရှိကြသည်။ ထိုသတ္တဝါများမှာ နေထိုင်ရာဂြိုလ်၏ ခက်ခဲကြမ်းတမ်း​​​​သော ရာသီဥတုဒဏ်ကို အလိုက်သင့်​နေထိုင်နိုင်ကြသည်။ ထူးခြားဇီဝမျိုးကွဲများ ပေါင်းစည်းမှု ဂလက်ဆီက ကြမ်းတမ်းခက်ခဲလှပြီး ပျမ်းမျှ​​နေ့စဥ် အပူချိန်က  60 ဒီဂရီ ဆဲစီးယပ် (140F) ရှိပြီး လေထုကလည်း ပါးလွှာသည်။

ထိုသတ္တဝါအချို့မှာ အမြီးနှင့် နားရွက်များ ရှိကြပြီး အချို့က တွားသွားရုံသာ တွားသွားနိုင်ကြပြီး အချို့က ခြေလက်များပင်မရှိကြသဖြင့် ထူးဆန်း​သော အလုံးကြီးတစ်လုံးကဲ့သို့ လှိမ့်သွားရ​လေသည်။

သူတို့၏ စား​သောက်ပုံနှင့် နေထိုင်မှုအကျင့်များက လူသားများနှင့် အ​တော်​လေး ကွဲပြားပြီး ၎င်းတို့အကြား အဆင့်မြင့်နှင့် အဆင့်နိမ့် သတ္တဝါများကလည်း မတူညီ​သော အမူအကျင့်များ ရှိကြသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now