👾Chapter 23:
ဟယ့်ယွင်ထင်သည် လက်ကိုမြှောက်၍ လင်းဟန်အား ပွေ့ဖက်လိုက်လေသည်လုအန်းဟယ်သည် အစတည်းက လူများနှင့် ပေါင်းတတ်သင်းတတ်သူဖြစ်သည်။ ယခုလည်း လင်းဟန်သည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု ခံစားမိသည့်အပြင် လင်းဟန်က သူ၏ မက်ခါကို အဆင့်မြှင့်ပေးမည်ဟု ပြောလိုက်သောအခါ လုအန်းဟယ် မထိန်းနိုင်တော့ပဲ စကားများ တတွတ်တွတ် ဆက်ပြောနေတော့သည်။
"Aegis က ကျွန်တော်နဲ့ အတူရှိလာတာ တော်တော်ကြာနေပြီ...အခုလက်ရှိ မက်ခါအကောင်းစားတွေနဲ့ယှဉ်ရင် Aegis က နည်းနည်း ခေတ်နောက်ကျနေပြီဆိုတာ ကျွန်တော်သိပါတယ်...ဒါပေမယ့် အသစ်ပြောင်းမယ့်အစား Aegis ကိုပဲ ထပ်ထပ်ပြီး အဆင့်မြှင့်ပြီး သုံးချင်တယ်...Aegis ကို လုံးဝပြောင်းလိုက်ဖို့က ကျွန်တော့်အတွက် မဖြစ်နိုင်တဲ့ကိစ္စပဲ...အနာဂတ်မှာလည်း Aegis ကို ကြယ်အစုအဝေးပြပွဲခန်းမမှာ ထားမယ်လို့ စဉ်းစားထားတယ်...အဲဒါမှ ကျွန်တော် အဖိုးကြီးဖြစ်တဲ့အချိန်ကျ Aegis ကို သွားကြည့်ပြီး အတိတ်က အချိန်တွေကို ပြန်တွေးကြည့်နိုင်မှာ...အဲဒီလိုလုပ်ဖို့ ကျွန်တော် ပိုက်ဆံလည်း စုထားတယ်..."
လုအန်းဟယ်က ပြောရင်းဖြင့် တစ်ချက်ရယ်ကာ ခေါင်းကုတ်လိုက်သည်။
"မစ္စတာလင်းကတော့ ကျွန်တော့်ကို ရူးနေပြီလို့ ထင်တော့မှာပဲ..."လင်းဟန်က ခေါင်းခါပြလိုက်သည်။
"မထင်ပါဘူး...""ဟမ်..."
"ခန်းမထဲမှာ ထည့်သိမ်းထားရလောက်တဲ့အထိ ကိုယ်မြတ်နိုးရတဲ့ ပစ္စည်းတစ်ခုခုရှိတာ အရမ်းကောင်းတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်..."
လင်းဟန်က ခပ်ဖွဖွလေးပြုံးကာ အကြည့်ကို အောက်ချလိုက်သည်။
"ကျွန်တော်လည်း ခန်းမထဲမှာ တစ်ခုခုထည့်သိမ်းဖို့ စဉ်းစားပေမယ့် ဘာသိမ်းရမယ်ဆိုတာ မသိဖြစ်နေတယ်..."
"ဒါနဲ့..."
လင်းဟန်က သူ့အား နှစ်သိမ့်ရန်ကြိုးစားနေသော လုအန်းဟယ်ကို မော့ကြည့်ကာ ဆက်ပြောလိုက်သည်။
"ဗိုလ်ချုပ်ရော ခန်းမထဲမှာ တစ်ခုခုကို ထည့်သိမ်းထားလားဟင်..."
YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း