👾Chapter 12:
“သူ့မှာ အသန့်ကြိုက်တဲ့ရောဂါ ရှိတယ်"ဟယ့်ယွင်ထင်၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ပြေလျော့သွားသော်လည်း တစ်ခုခုအား တွေးမိသွားသောအခါအေးတိအေးစက်မျက်နှာကြီး ပြန်ရောက်လာသည်။ သူက ဝမ်ထျန်းယောင်ကိုပင် မရှောင်တော့ဘဲ တိုတိုတုတ်တုတ် မေးလိုက်သည်။
"ဒီလောက် မြန်လား"
“?”
လုအန်းဟယ်၏ မျက်လုံးမှေးလေးများ အတန်ငယ် ပြူးကျယ်သွားပြီး ဝမ်ထျန်းယောင် မကြားနိုင်လောက်သည့် အသံတိုးတိုးဖြင့် တိတ်တဆိတ် ရေရွတ်လိုက်သည်။
"ဘောစ့်ပဲ မြန်မြန် ပြင်ပြီးသွားဖို့ အလျင်စလို ဖြစ်နေတာမဟုတ်ဘူးလား...."
ကံအားလျော်စွာဖြင့် ဒုဗိုလ်မှုးလုမှာ အလွန် ဥာဏ်ပြေးလှလေရာ နောက်ပိုင်းစကားများကို ဆက်ပြောခြင်းမှ ကိုယ့်ကိုယ်ကိုယ် တားမြစ်လိုက်ပြီး အလွန်တည်ငြိမ်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ဟုတ်ပါတယ်... မစ္စတာလင်းက အင်ပါယာရဲ့ အရေးကိစ္စတွေကို စိုးရိမ်ပြီး နေ့စဥ် လေ့ကျင့်မှုတွေ နှောင့်နှေးမှာ စိုးရိမ်လို့ အချိန်ပိုဆင်းပြီး ပြန်ပြင်လိုက်တာလို့ ပြောပါတယ်"
"သြော်" ဟယ့်ယွင်ထင် မတုန်မလှုပ် ပြန်ဖြေလိုက်သည်။
သို့သော်လည်း ဖြစ်ပျက်နေသည့် အရာများကို နားလည်နေဟန်ရသည့် ဝမ်ထျန်းယောင်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ဗိုလ်ချုပ်ရဲ့ မက်ခါကို ပြင်ဖို့ ပို့ထားရတာလား... ကျွန်တော် သူများတွေဆီကနေ အရင်တစ်ခေါက် ကြယ်တာရာဓါးပြတွေကို တိုက်ခဲ့တာ အဆင်ပြေပြေနဲ့ ပြီးသွားတာလို့ သေသေချာချာ ကြားခဲ့တာပါ"
ဟယ့်ယွင်ထင်၏ မက်ခါ ပျက်စီးသွားပြီး ပြုပြင်ရေးအခန်းသို့ ပို့ထားရကြောင်း လူအနည်းငယ်သာ သိထားသဖြင့် ဝမ်ထျန်းယောင် သတင်းမရနိုင်သည်က ပုံမှန်ပါပင်။
“ဒါဆို ဗိုလ်ချုပ်က ဘယ်အချိန်လောက် ပို့ခိုင်းဖို့ ရည်ရွယ်ထားလဲ" ဝမ်ထျန်းယောင် မေးလိုက်သည်။
YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း