Chapter 27

287 63 1
                                    

👾Chapter 27
ဒီတစ်ခေါက်ရော အရင်ကလို မင်းကို လှည့်စားလို့ ရဦးမလား?

ယခုလောလောဆယ် ဟယ့်ယွင်ထင်၏ပုံကိုကြည့်၍ လင်းဟန်၏ အတွေးများက လေထဲသို့ အငွေ့ပျံသွားတော့သည်။

သူ ဟယ့်ယွင်ထင်၏စိတ်ကို ခဏခဏဖတ်နေမိခြင်းကြောင့် အခြားလူများနှင့် မတူပဲ ဟယ့်ယွင်ထင်ကို ရှုထောင့်တစ်မျိုးမှ မြင်ကာ ဟယ့်ယွင်ထင်အား ပို၍ နားလည်ချင်နေမိသည်။

သူ့ကိုယ်သူ ဟယ့်ယွင်ထင်၏အမြင်၌ တစ်မျိုးဖြစ်၍ ထူးခြားနေမည်ကို သိသောကြောင့် လင်းဟန်သည်လည်း မထိန်းနိုင်ပဲ သူ၏အစွမ်းကို သုံး၍ ဟယ့်ယွင်ထင်၏စိတ်ကို ဖတ်ချင်နေမိခြင်းဖြစ်သည်။

ထိုစိတ်ဖတ်ခြင်းကို ဟယ့်ယွင်ထင်သည် မသိသလို ငြင်းပယ်နိုင်ခြင်းလည်း မရှိသည်ကို လင်းဟန် သိသည်။

လူသားဆိုသည်မှာ ရှုပ်ထွေးနက်နဲသောသတ္တဝါများဖြစ်ကြသည်။ လူတိုင်းက ရိုးသားမှုကို လိုချင်သည်ဟု ပြောကြသော်လည်း တကယ်တမ်းတွင် လိမ်ညာမှုများဖြင့် မွမ်းချယ်ထားသည့် ပန်းကုံးများကိုလည်း သဘောတကျပင် လက်ခံနေကြသည်သာပင်။

သို့သော် ဟယ့်ယွင်ထင်က လင်းဟန်၏ အကြောင်းကို မသိသောကြောင့် လူများနှင့် မဆက်ဆံတတ်သော ဗိုလ်ချုပ်သည် လင်းဟန်၏ လက်အောက်တွင်တော့ အမြဲပင် ရိုးသားနေရတော့သည်။

လင်းဟန် အသက်ကို ပုံမှန်ဖြစ်အောင် ပြန်ရှူလိုက်၍ စိတ်ရှုပ်နေမှုများလည်း အနည်းငယ် အနည်ထိုင်သွားကြသည်။

ဟယ့်ယွင်ထင်၏ အပြာရောင်မျက်လုံးများကို နောက်တစ်ခါ ထပ်ကြည့်လိုက်သည့်အခါတွင်တော့ လင်းဟန်၏စိတ်သည် ပုံမှန်အတိုင်း တည်ငြိမ်သွားတော့သည်။

ဟယ့်ယွင်ထင်၌ ပုံစံအမျိုးမျိုးရှိလေသည်။

လင်းဟန်နှင့် မျက်နှာချင်းဆိုင်တွေ့ထားပြီးသည့် ပုံစံများရှိသလို လင်းဟန် မသိသေးသည့် ပုံစံများလည်း ရှိနေသည်။

ထိုပုံစံများ၌ လင်းဟန်နှင့် တူတူ‌ရှိနေချိန်တွင် ကိစ္စများကို တလွဲတချော်လုပ်တတ်သည့် ဟယ့်ယွင်ထင် ရှိနိုင်သလို သန်းချီသောလေးစားအားကျသူရှေ့တွင် အင်ပါယာကို သစ္စာရှိစွာ တာဝန်ထမ်းဆောင်ပါမည်ဟု ကတိသစ္စာခံခဲ့သော ဟယ့်ယွင်ထင်လည်း ရှိနေနိုင်သည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now