Chapter 3👾

353 67 1
                                    

👾Chapter - 3
[အရမ်းမွှေးတယ်]

" ငါ မသွားဘူး " လင်းဟန်သည် တုံ့ဆိုင်းမှုအနည်းငယ်ဖြင့် နှုတ်မှပြောလိုက်သည်။

" ဘာလို့လဲ "

လင်းဟန်ငြင်းဆိုနိုင်ချေများသည်ကို သိခဲ့သော်လည်း ရှန်ရှိုးနန်မှာ အံ့အားမသင့်ဘဲ မနေနိုင်ချေ။

"ငါ မသွားချင်ဘူး..သွားစရာ‌အကြောင်းမရှိဘူး "

ဤသို့သောပွဲအမျိုးအစားများကို သူ ဘယ်တုန်းကမှ မနှစ်သက်ခဲ့‌ပေ။ လူအများက လေးစားသမှုအများကို ယောင်ဝါးဝါးပြသနေကြပြီး ဆူညံသံများ၊ လူအုပ်ကြီးများနှင့် အချိန်ဖြုန်းနေခြင်းသာဖြစ်ပြီး မည်သည့် အဓိပ္ပာယ်မှ မရှိပေ။

လင်းဟန်က ဦးခေါင်းကို ဖြေးညင်းစွာတိမ်းစောင်းလိုက်ပြီး အနည်းငယ်နာကျင်နေသောလည်ဂုတ်ကို ဖျစ်ညစ်လိုက်သည်။

" ဒါမှမဟုတ် မင်းတို့ထဲကတစ်ယောက်ယောက် ငါ့အစားသွားလို့ရတယ် "

နောက်‌ဆုံးတွင် မောင်းနှင်သူခုံသည် အိပ်စက်ရန်အတွက် မသင့်တော်သည့်နေရာဖြစ်သဖြင့် တစ်ညတာကုန်လွန်သွားသည့်‌နောက် သက်တောင့်သက်သာမဖြစ်မှု အနည်းငယ်ကို ခံစားနေရဆဲဖြစ်သည်။

လင်းဟန်သည် မျက်လုံးများနှင့် ထူထဲနက်မှောင်သည့်မျက်တောင်ရှည်များကို ပွတ်လိုက်ပြီး စက္ကန့်အနည်းငယ်မျှ သတိလက်လွတ်ဖြစ်ကာ လှုပ်ရှားမှုက ရပ်တန့်သွားသည်။ သူ၏ ယကိုယ်တွင်းရှိ သွေးတွင်းသကြားဓာတ်မှာ လျော့နည်းနေပြီး မိန်းမော‌တွေဝေကာ မတ်တပ်မရပ်နိုင်လုနီးပါးပင်ဖြစ်‌သွားခဲ့သည်။

ရှန်ရှိုးနန်ကမူ အံတကြိတ်ကြိတ်ဖြစ်နေဆဲပင်။

" မင်းတစ်ယောက်ပဲကွ။ မင်းတစ်ယောက်တည်းပဲ သွားနိုင်တာ။ နာမည်မရေးထားပေမဲ့ ဖိတ်ခံရတဲ့သူက  အင်ပါယာမက်ခါအဖွဲ့အစည်းရဲ့အဓိကမက်ခါဒီဇိုင်နာလေ။ အဲ့ဒါ မင်းမဟုတ်ရင် အခြားဘယ်သူဖြစ်နိုင်သေးလို့လဲ "

ထိုသို့ကြားလိုက်ရသည့်အခါ လင်းဟန်သည် ယမန်နေ့ညက ကြားခဲ့ရသည့် အေးစက်ကာ အထက်စီးဆန်သည့်အသံကို အကြောင်းရင်းမရှိ ပြန်တွေးမိသွားသည်။ သူက အခန်းတံခါးဆီသို့ လမ်းလျှောက်သွားလိုက်ကာ ဖိတ်စာကိုယူကြည့်လိုက်ပြီး အောက်ပါအတိုင်းပြောကြားထားသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now