Chapter 14

510 77 1
                                    

👾Chapter 14:
【မကြည့်နဲ့】

လင်းဟန်မှာ တစ်ခဏမျှ ​ကြောင်အသွားသည်။

ထိုသူ ဖိတ်​ခေါ်သည့် ဟန်ပန်ကတောင့်တင်းနေပြီး လက်တစ်ဖက်ကိုလည်း ဆန့်တန်းထားကာ ​လေထဲတွင် ရပ်တန့်​နေသည် လှုပ်ရှားမှုမရှိဘဲ သူတုံ့ပြန်လာမည်ကိုသာ ​စောင့်​နေခဲ့​လေသည်။ လူအုပ်ကြီးမှာ ဖိတ်​ခေါ်ခံရသူအား မနာလိုစွာဖြင့် စတင်ခန့်မှန်း​နေကြသည့်တိုင် အချိန်အကြာကြီး ဆက်မကြည့်ရဲကြ​ပေ။

အလင်း​ရောင်များက မှိန်​ဖျော့​နေ​သော်ငြား ဟယ့်ယွင်ထင်၏ မျက်လုံးများက ​တောက်ပ​​နေသည်။ စစ်တပ်မှ ​ကောင်း​ကောင်း ​လေ့ကျင့်​ပေးခံထားရ​သော ဟယ့်ယွင်ထင်မှာ ထိုပုံစံအတိုင်းပင် မလှုပ်မယှက်ဖြင့် လင်းဟန် တုန့်ပြန်လာမည်ကို ​စောင့်​နေသည် ထိုမျှ​​လောက် အာရုံစိုက်​နေသည်မှာ အ​ရေးကြီး​သော ဖိတ်​ခေါ်မှုတစ်ရပ်ကို ပြု​နေသည့်အလားပင်။

လင်းဟန် သူ့အား ကြည့်​နေဆဲပင်။

သို့​သော် ပြဿနာမှာ...

လင်းဟန်မှာ ကပွဲအခမ်းအနားများ စသည့် ပွဲလမ်းသဘင်မျိုးတွင် ပါဝင်ခဲလှပြီး ထပ်​ပေါင်း​ပြောရလျှင် မပါဝင်ခဲ့ဖူးပါ​ပေ။

သူက လက်အိတ်ချွတ်၍ မရပေ။

ဟယ့်ယွင်ထင်မှာ အလွန်ပင် စိတ်ရှည်ပုံရပြီး ​စောင့်​နေရင်းမှာပင် လင်းဟန်၏ ပူပန်မှုများကို စိုးရိမ်​နေသည့်အလား တီးတိုး​ပြောလာခဲ့သည်။

"လက်အိတ်​တွေ ဝတ်ထားလို့ ရတယ်"

ထို့​ကြောင့်ပင် သုံးစက္ကန့်အကြာ အဖြူ​ရောင်လက်အိတ်များ ဝတ်ဆင်ထားပြီး ​နွေး​ထွေး​နေဆဲ ဖြစ်သည့် လက်တစ်စုံက ဟယ့်ယွင်ထင်၏ လက်ဖဝါးထက်သို့ ​ရောက်ရှိလာခဲ့သည်။ 

“​ကောင်းပြီ​လေ" လင်းဟန် ​ပြောလိုက်သည်။ လင်းဟန်မှာ အချိန်တိုအတွင်း အ​တွေးများစွာ ​တွေးထားပြီး ဖြစ်​နေသည်။

ဥပမာအားဖြင့်... သူအခု ဘာ​တွေ ​တွေး​နေမလဲ... လက်အိတ်​တွေသာ ဝတ်မထားရင် ခြားနားတဲ့ တုံ့ပြန်ချက်တစ်ခုကို ကြားလိုက်ရမှာလား... ဒါမှမဟုတ်... သူ ငြင်းလိုက်ရင် အရင်တစ်ခါ ပြုပြင်​ရေးအခန်းမှာ လက်ဆွဲနှုတ်ဆက်ဖို့ လုပ်တုန်းကလို ဗိုလ်ချုပ်ရဲ့ မျက်လုံး​တွေ မှုန်မှိုင်းသွားမှာလား...

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now