Chapter 11

671 94 1
                                    

👾Chapter 11:
ဟယ့်ယွင်ထင်မှာသာ ဒီလိုအတွင်းစိတ်​တွေမရှိခဲ့ရင်...

ဟယ့်ယွင်ထင် ထွက်လာမည်ကို ​စောင့်​နေသည့်လုအန်းဟယ်မှာ မထင်မှတ်ထားစွာပင် စကားတစ်ခွန်းမှ မ​ပြောလာဘဲ စိတ်စွမ်းအား လည်ပတ်တဲ့စနစ်မှာ ပြဿနာမရှိဘူးမလားဟု ​သာမေးလာပြီး ဟယ့်ယွင်ထင် ​ခေါင်းငြိမ့်ပြလိုက်သည်ကို ​တွေ့လိုက်ရ​သောအခါ ​မေးခွန်းများ ဆက်မ​မေး​တော့​ပေ။ 

မက်ခါထဲတွင် ဟယ့်ယွင်ထင်၏ ဖယ်ရိုမုန်းများက အမှန်ပင် အကျိုးသက်​ရောက်မှုရှိ​သည်​ကြောင့် ဖြစ်မည်။ လင်းဟန်က ​မောင်းနှင်ခန်းထဲတွင် တစ်​ယောက်တည်း ထိုင်နေပြီး အလုပ်ဆက်လုပ်​နေခဲ့သည်။

လက်အိတ်များက စိတ်ဖတ်စွမ်းရည်ကို ဟန့်တား​ပေးသဖြင့် လင်းဟန်လည်း ထိုစဥ်က ဗိုလ်ချုပ် ​တွေး​နေမည့်အရာကို မ​သိနိုင်ခဲ့​ပေ။ 

သူ့ကိုယ်သူ အလုပ်ထဲတွင် စိတ်နှစ်ထားလိုက်သဖြင့် တဖြည်းဖြည်း စိတ်တည်ငြိမ်လာသည်။

စိတ်ဖတ်နိုင်ခြင်းက စွမ်းရည်​ကောင်း မဟုတ်ဟု လင်းဟန် ​တွေးထားသည်။ သူသာ ထိုညက လက်အိတ်ဝတ်ထားခဲ့ပြီး ဟယ့်ယွင်ထင်၏ အ​တွေးများကို မကြားခဲ့ရပါက ဗိုလ်ချုပ်နှင့် ရင်းနှီးလာရန် အနည်းငယ် ပို၍ ဆန္ဒရှိ​ပေလိမ့်မည်။ 

လင်းဟန်က အ​တွေးနစ်​နေရင်း ​ခြောက်ခု​မြောက်အပိုင်းကို ဖယ်လိုက်သည်။

သူအလုပ်များ​နေချိန်တွင် အချိန်များကို ​မေ့သွားတတ်သည်။ ကျန်အဖွဲ့အစည်း တစ်ခုလုံးကလည်း ဗိုလ်ချုပ်၏ လာ​ရောက်လည်ပတ်မှု​ကြောင့် ​ရှော့ခ်ရ​နေဆဲ ဖြစ်​နေရာ ရှန်ရှိုးနန်တစ်​ယောက် သူပြန်လည်ပြုပြင်ခန်းထဲတွင် ညလုံး​ပေါက် ​နေ​နေမည်ကို စိုးရိမ်​နေသဖြင့် သူ့ကို လာရှာသည်အထိပင်။

ရှန်ရှိုးနန် ဝင်လာ​သောအခါ လင်းဟန်က မက်ခါအတွင်းရှိ လည်ပတ်စနစ်ကို ပြန်လည်တည်းဖြတ်​နေခြင်း ဖြစ်ပြီး အလိုအ​လျောက်ပြုပြင်စက်များက တဝီဝီ မြည်​နေကာ လူလိုက်ကြည့်စရာ မလို​သော ​နေရာများတွင် နည်းနည်းချင်း ပြန်လည်ပြင်ဆင်​နေသည်။ 

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now