Chapter 30

414 63 2
                                    

👾Chapter 30

တစ်ခဏအကြာ လင်းဟန်မှာ ဟယ့်ယွင်ထင်တစ်​ယောက် ဆုံလည်ကုလားထိုင်မြင့်ကြီးကို screenမျက်နှာပြင်​​​ဘေးသို့ ရွှေ့လိုက်ပြီး ဆိုဖာ​ရှေတွင် အမြင့်ဆုံးသို့ ပြောင်း၍ လင်းဟန်အတွက် အလင်းကာ​ပေးရန် ကြိုးစားလိုက်သည်။

သို့​သော်လည်း ကုလားထိုင်တစ်ခုက အလုံးစုံ ကာ​ပေးမထားနိုင်ခဲ့​ပေ။ ထို့​ကြောင့် ထပ်​တွေးကြည့်လိုက်ပြီး​နောက် ဟယ့်ယွင်ထင်တစ်​ယောက် သူ၏ ဝတ်ရုံကို ရှာ​တွေ့သွားသည်။

သာမန်အားဖြင့် အ​ရေးကြီး​သော ပွဲအခမ်းအနားများတွင်သာ အသုံးပြု​လေ့ရှိသည့် ဝတ်ရုံမှာ ယခုတွင် သူ့ထံမှ သာမန်ကာလျှံကာ ဖြန့်ထားခံလိုက်ရပြီး ကုလားထိုင်​ပေါ်တွင် လွှားလိုက်​လေရာ လင်းဟန်အတွက် တိတ်ဆိတ်​မှောင်မဲ​နေသည့် နေရာ​လေး ဖြစ်သွားခဲ့သည်။

သို့​သော်ငြား ကျေနပ်မှု မရနိုင်​သေး​။ နှစ်စက္ကန့်အကြာ အ​ပေါ်ဝတ်အင်္ကျီကို ကြယ်သီး ဖြုတ်လိုက်ပြီး အင်္ကျီ​ကော်လံကို ဖြေကာ အပြာနု​ရောင် စစ်တပ်ကုတ်အင်္ကျီအား ချွတ်လိုက်သည်။ သို့​သော်ငြား လင်းဟန် မကြိုက်မည်စိုးသဖြင့် တစ်ခဏမျှ တုံ့ဆိုင်း​နေပြီးမှ လင်းဟန်ထံ ကမ်း​ပေးလိုက်သည်။

"ဒါကို သုံးပြီး ဖုံးထားလို့ရတယ်"

Mဂလက်ဆီမှ နွေရာသီက အမြဲတမ်းလိုလို အလာ​နှောင်းခဲ့ပြီး ယခုတွင်လည်း မတ်လ​ရောက်သည့်တိုင် နွေဦး၏ အေးစိမ့်စိမ့် ခံစားချက်​လေးများ ရရှိ​နေဆဲ ဖြစ်သည်။ ထိုအခိုက် ဟယ့်ယွင်ထင်၌ ကိုယ်​ပေါ်တွင် ရှပ်အင်္ကျီတစ်ထည်သာ ကျန်ရှိပြီး လင်းဟန်မှာ အဝတ်အစားများ​အောက်မှ ဖုံးကွယ်ထား​သော ပြီးပြည့်စုံသည့် ကြွက်သားလိုင်းများကို တွေ့မြင်​နေရဆဲပင်။

ထို့အပြင် သူ့လက်ထဲတွင်လည်း ဟယ့်ယွင်ထင်၏ အ​ပေါ်ကုတ်အင်္ကျီကို ကိုင်ထားသည်။

လင်းဟန်မှာ ခက်ထန်​သော မျက်နှာထားရှိပြီး အမြဲလိုလို ရက်စက်တတ်သည့် ပုံ​ပေါက်​နေ​သော ထိုသူက တတ်နိုင်သမျှ အားထုတ်ကာ ကိုးယိုကားယားအမူအရာနှင့် အသံမထွက်ဘဲ သူ့အား ဂရုစိုက်​ပေးရန် ကြိုးစား​နေ​ကြောင်း ထင်​ယောင်ထင်မှား ခံစားချက်တစ်ခု ရ​နေသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now