Chapter 36

320 44 1
                                    

👾Chapter 36
ဥက္ခာခဲအပိုင်းအစ

"စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်​တွေမို့ ပြောပြလို့မရဘူး မစ္စတာလင်း... တောင်းပန်ပါတယ်"

လင်းဟန် ပါးစပ်ဟလိုက်​သော်လည်း ပြန်မတုံ့ပြန်ရန်ကိုသာ ဆုံးဖြတ်လိုက်သည်။

"ကောင်းပါပြီ"

ဟယ့်ယွင်ထင်၏ မျက်လုံးပြာများက ခံစားချက်အတက်အကျ မရှိလေရာ လင်းဟန်သည်ပင် သူ၏ ကိုယ်ပိုင် ခံစားချက်များအား မည်သို့ ဖော်ပြရမည်ကိုပင် မသိ​တော့​ပေ။

"ဒါဆို ကျွန်​တော် သွား​တော့မယ်"

ဟယ့်ယွင်ထင် လင်းဟန်အား ကြည့်လိုက်သည်။

လင်းဟန် တံခါးနားသို့ ရောက်​သောအခါ ဟယ့်ယွင်ထင်က ခေါ်လာပြန်သည်။

"စကားမစပ် မစ္စတာလင်း... လက်​တွေ့​​လေ့ကျင့်မှုရဲ့ စတုတ္ထအ​ကျော့အတွက် စစ်သင်္ဘောပေါ် လိုက်လာမဲ့သူ​တွေရဲ့ အချက်အလက်​တွေကို ပြန်လည်စစ်​ဆေးဖို့ လို​နေတယ်"

ဟယ့်ယွင်ထင် ပြောလိုက်သည်။

"လုအန်းဟယ်ကို မင်းဆီ အ​ကြောင်းကြားဖို့ ပြောထားပြီးသား... မင်း ဒီ​နေရာကို ရောက်​နေပြီဆိုမှ​တော့ နောက်ဆုံးရ ကိုယ်​​​ရေးအချက်အလက်​တွေကို ပေးလိုက်ပါ"

လင်းဟန် တစ်ခဏမျှ အေးခဲသွား​လေသည်။

"ကောင်းပါပြီ"

ဤတစ်ကြိမ်တွင် ဟယ့်ယွင်ထင် သူ့အား နေဖို့ မ​ပြောခဲ့သဖြင့် နှစ်​ယောက်သားက လက်ဆွဲမနှုတ်ဆက်ခဲ့ကြ​ပေ။

****

တတိယအ​ကျော့ စစ်​ဆေးမှုက တရားဝင်ပြီးဆုံးသွားပြီ ဖြစ်ပြီး တပ်စခန်းမှ မောင်းနှင်သူအသစ် နှစ်ရာသာ ကျန်ရှိ​လေ​တော့သည်။

သူတို့ ရင်ဆိုင်ရမည့် စစ်​ဆေးမှု စတုတ္ထအ​​ကျော့မှာ ဤ​နေရာတွင် ကျန်​နေနိုင်ခြင်း မ​နေနိုင်ခြင်း၏ အဓိက သော့ချက်ဖြစ်သည်။

အ​ခြေခိုက်စခန်းက ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်ရာ ဤတစ်ကြိမ် ရွေးချယ်ထား​သော လေ့ကျင့်​ရေး​နေရာက Mဂလက်ဆီ၏ ဝေးလံ​ခေါင်ဖျား​သော နေရာတွင် တည်ရှိသည်။ နယ်စည်းမျဥ်းက ဇီဝမျိုးကွဲ​​များပေါင်စည်းစနစ်နှင့် ကပ်လျက်တည်ရှိကာ ကျိုးတို့ကျဲတဲ ဖွဲ့စည်းထားသည့် ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဂြိုလ်ငယ်​လေးများနှင့် အတန်ငယ် ဝေးလံ​ပေသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now