Chapter 26

478 77 1
                                    

👾Chapter 26
လျစ်လျူရှုခံထားရခြင်း

ပထမအဆင့်လူရွေးပွဲပြီးသောအခါ မက်ခါပညာရှင်၏အလုပ်စပြီဖြစ်သည်။

လင်းဟန်၏အလုပ်မှာ ဒုတိယအဆင့်လူရွေးပွဲမစမှီ စစ်သားသစ်များ မောင်းနှင်ရမည့် မက်ခါများကို စစ်ဆေးပေးရန်နှင့် နောက် လိုအပ်သည့်အခါတိုင်း ပြင်ပေးရန် အဆင်သင့်ဖြစ်နေရန်ဖြစ်သည်။

တစ်ခါတစ်ရံ၌ မက်ခါပြုပြင်ခြင်းသည် မက်ခါတစ်ခုချင်းစီ၏ လိုအပ်ချက်များနှင့် မောင်းနှင်မည့်လူ၏စိတ်စွမ်းအားပေါ် မူတည်၍ အစအဆုံး ပြန်ပြင်ရတတ်လေ့ရှိသည်။

စစ်သားအဖွဲ့ဝင်သစ်များ၏ မက်ခါများမှာ အလွန်အဆင့်မြင့်သည့် မက်ခါများမဟုတ်သောကြောင့် ပြုပြင်ရခြင်းမှာ အလွန်ခက်ခဲသည့်အလုပ်မဟုတ်ပေ။သို့သော်လည်း မက်ခါအမျိုးအစားများနှင့် ထုတ်လုပ်သည့်နှစ်များက များစွာရှိသောကြောင့် မက်ခါပညာရှင်သည် မက်ခါတစ်ခုပျက်သည်နှင့် ပျက်သည့်အပိုင်းကို အမြန်အစားထိုး၍ ပြင်ပေးနိုင်ရန် မက်ခါအမျိုးအစားများအားလုံးနှင့် ရင်းနှီးကျွမ်းဝင်ထားရန်လိုသည်။

ထို့ကြောင့် လင်းဟန်သည် နောက်တစ်နေ့မှစ၍ အလုပ်စလုပ်တော့သည်။

စစ်သားအသစ်များနှင့် စတွေ့သည့်အခါ လူအများက အထူးငှားရမ်းထားသောမက်ခါပညာရှင်က အလွန်ချောမောသော အိုမီဂါတစ်ယောက်ဖြစ်နေသည်ကို မြင်ကြသောအခါ စပ်စုသည့်အကြည့်၊ ရှုံ့ချသည့်အကြည့်များဖြင့် ကြည့်ကုန်ကြသည်။

သို့သော်လည်း ထိုစစ်သားသစ်များသည် ဟယ့်ယွင်ထင်၏ လက်အောက်၌ပင် ရှိကြသေးသောကြောင့် ဘာမှ ထုတ်မပြောရဲကြပေ။ တော်တော်သတ္တိရှိသည့် တစ်ယောက် နှစ်ယောက်ကတော့ လင်းဟန်ကို မြင်လျှင် မကြိုက်သည့်ပုံစံဖြင့် ကြည့်ကြသည်။ ထိုအကြောင်းကို သူတို့၏ ဆရာသိသောအခါ ထိုလူများကို နာမည်တပ်၍ ဆူပြီးသောအခါ ဟယ့်ယွင်ထင်ဆီသို့ နာမည်နှင့်တကွ စာရင်းတင်လိုက်လေသည်။

နောက်တစ်နေ့ ရွေးချယ်‌ရေးကိစ္စများပြီးသောအခါ စစ်သားသစ်များထဲမှ နောက်ထပ် အရည်အချင်းမမှီသည့် အုပ်စုတစ်စုကို ဖြုတ်ပြီးသောအခါ ဟယ့်ယွင်ထင်သည် သူ့လက်ထဲမှ လူအမည်များနှင့် စာရွက်ကို တင်းမာသောမျက်နှာဖြင့်ကြည့်၍ ထိုလူများ၏နာမည်ကို တစ်ခုပြီးတစ်ခု ချရေးနေလေသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now