Chapter 38

192 37 1
                                    

👾Chapter 38:
ကိုယ်တို့က ခဏတဖြုတ် တည်ရှိမှု​လေးပဲ ဆို​ပေမယ့် စကြဝဠာကြီးရဲ့ ကြယ်အမှုန်အမွှား​လေးတွေပါပဲ

လင်းဟန် ခြေလှမ်းရပ်လိုက်သည်။ သူ တစ်ခဏမျှ တုံ့ဆိုင်းသွား​လေသည်။

"ဒါ​ပေမယ့် အခုက..."

ယခုတွင် ကြည့်စရာတစ်ခုမှ မရှိ​​​ပေ။ ထို့အပြင် လင်းဟန်ကလည်း မ​ပြောင်းမလဲ ရှိသည့် ကြယ်စုံ​နေ​သော ကောင်းကင်ကြီးအား တစ်ကြိမ်ထက်မက တွေ့ဖူး​ပါ၏။

ဟယ့်ယွင်ထင်က တန်း၍ ဖြေမည့်အစား မသက်ဆိုင်​သော မေးခွန်းကို မေးလာခဲ့သည်။

"အယ်အင်နာအုန်း နက်ဗျူလာ ဆိုတာကြားဖူးလား"
[Erinnerung ဂျာမန်ဘာသာစကားက ဖြစ်ပြီး မှတ်ဥာဏ်လို့ အဓိပ္ပါယ်ရပါတယ်]

လင်းဟန် ပြန်စဥ်းစားကြည့်လိုက်သည်။

"ကြားဖူးတယ် ထင်တာပဲ ဒါ​​ပေမယ့် သိပ်မမှတ်မိ​ဘူး"

"ဒါက နယ်စပ်​နေရာ​တွေကမှ တွေ့နိုင်တဲ့ မြင်ကွင်း​​လေ"

ဟယ့်ယွင်ထင်က သင်္ဘော၏ ပြတင်း​ပေါက်မှ ကြည့်လိုက်​သောအခါ မဲ​မှောင်​နေ​သော ကောင်းကင်ကြီးကို တွေ့လိုက်ရသည်။

"ကိုယ်တို့က ကြယ်လမ်း​ကြောင်းထဲမှာပဲ ရှိ​သေး​တော့ မ​​တွေ့နိုင်​သေးဘူး"

လင်းဟန် ပြန်​ဖြေလိုက်စဥ် ဟယ့်ယွင်ထင်၏ စကားကို ကြားလိုက်ရသည်။

"ကိုယ် အရင်က နှစ်ခါ တွေ့ဖူးတယ်... ဒီတစ်ကြိမ် ပေါ်လာရင် မစ္စတာလင်းကို ပြချင်လို့"

လင်းဟန်မှာ မွေး​နေ့ရက်ပြီး​နောက် ဟယ့်ယွင်ထင်က သူအား တဖြည်းဖြည်း ပို၍ စကား​ပြောလာသည်ဟု ခံစားလိုက်ရသည်။ အ​တော်​လေး တောင့်တင်းနေ​သေး​သော်လည်း သူတွေးနေ​သော အရာများကို ထုတ်​ပြောပြလာသည်။ 

လင်းဟန် တစ်ချိန်လုံး ပြတင်း​ပေါက်ကိုသာ ကြည့်​နေသည်ကို သတိထားမိ၍ ဖြစ်မည် ဟယ့်ယွင်ထင် ရှင်းပြလာခဲ့သည်။

"ပထမဆုံးရက်ဆို မ​တွေ့ရ​သေးဘူး... မနက်ဖြန် သင်္ဘောက အောင်​အောင်မြင်မြင် ခုန်နိုင်ခဲ့ရင် မစ္စတာလင်း တွေ့ပါလိမ့်မယ်"

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now