Chapter 34

341 56 3
                                    

👾Chapter 34
“ဒါဆိုရင် စစ်သင်္ဘော​ပေါ် တက်ကြတဲ့အခါ မစ္စတာလင်းက ကိုယ့်​နောက်ကို လိုက်ခဲ့ရမယ်”

တတိယအဆင့် ရွေးချယ်မှုကို ဆက်လက်ပြုလုပ်​နေကြသည်။

လင်းဟန်သည်လည်း နေ့တိုင်း၏ ကြားအချိန်​များအတွင်း အာဟာရထုပ်များ သောက်ရင်း အေး​အေးချမ်းချမ်း အလုပ်လုပ်နေသည်။ အားလပ်ချိန်များတွင် သု​တေသနအဖွဲ့အစည်း၏ မက်ခါအသစ်များကို ဆက်လက်လုပ်ကိုင်​နေရရင်း စစ်စခန်းတွင် နေရ​​​​သောဘဝကိုတဖြည်းဖြည်း ကျင့်သားရလာပြီး နေ့စဥ်လုပ်ငန်း​ဆောင်တာများနှင့် အသားကျလာ၏။

တတိယအ​ကျော့၏ မစ်ရှင်များမှာ လင်းဟန်ဘက်မှ လေ့ကျင့်ကွင်းအား မျက်စိ​ဒေါက်​ထောက် ကြည့်ရန် လိုအပ်​သဖြင့် သူသည်ပင် စစ်သားများနှင့် အလုပ်မှလွဲ၍ အခြား​သော အ​ကြောင်းအရာများ မ​ပြောဖြစ်ကြသည့်တိုင် ထိုသူများနှင့် အ​တော်​လေး ရင်းနှီးလာသည်။

လင်းဟန်က လေ့ကျင့်ကွင်းထဲမှ မက်ခါများအား စိုက်ကြည့်​နေမိသည်။

ဟယ့်ယွင်ထင်၏ အ​စောပိုင်း​နေ့ရက်များကလည်း ထိုသို့ဖြစ်​ကြောင်း တစွန်းတစ ကြားခဲ့ရသည်။ ထိုစဥ်က သူ၏ လုပ်​ဆောင်မှုများကို ယ​နေ့အထိ မည်သူမှ မ​ကျော်လွှားနိုင်​​​သေးပေ။ ထိုစဥ်က လေ့ကျင့်မှုများမှာ ယ​​နေ့အချိန်ထက် ပို၍ ရက်စက်ကြမ်းတမ်း​​သော်ငြား ဟယ့်ယွင်ထင်သည် ပထမဆုံးအ​နေဖြင့် အပတ်တကုတ် အားထုတ်ကြိုးပမ်းခဲ့ပြီး အဆုံးတွင် လက်​ရွေးစင်အသင်းသို့ တန်း၍ ဝင်သွားခဲ့သည်။ လက်ရှိ ရာထူးအထိ မည်သို့ တက်လှမ်းနိုင်ခဲ့သည်မှာကား နောက်ထပ် ဇာတ်​ကြောင်းတစ်ခုပင်။

အဲ့ဒီအချိန်တုန်းက ဘယ်လိုလူမျိုး ဖြစ်ခဲ့တာလဲ... အခုလိုပဲလား... ဒါမှမဟုတ်... အရမ်းကွာခြား​နေတဲ့ ပုံစံနဲ့လား...

နေ့တိုင်းလိုလို လူများ ထုတ်ပယ်ခံ​နေရပြီး မက်ခါများကလည်း နေ့စဥ်ရက်ဆက် အပျက်အစီးများ ရှိလာကာ တပ်သားများထံမှ အမျိုးမျိုး​သော အ​ကြောင်းအရင်းများဖြင် အမှတ်များ နှုတ်ခံ​နေရသည်။

တစ်ခါတရံတွင် လင်းဟန်က တပ်သားများ လေ့ကျင့်​ရေးဆင်း​နေသည်ကို ကြည့်ရင်း စနစ်က အ​တော်​လေး ပြင်းထန်လှသည်ဟု ခံစားရသည်။ ပြောစရာမလို​အောင်ပင် တတိယအ​ကျော့ပြီး​နောက် သေချာမှုမရှိဆုံးနှင့် အရက်စက်ဆုံးဟု ဆိုရမည့် စတုတ္ထအ​ကျော့ ရှိ​နေ​သေးသည်ပင်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now