Chapter 13

632 87 3
                                    

👾Chapter 13:
မစ္စတာလင်း

လူတိုင်းသိထားကြသည့်အတိုင်း ဗိုလ်ချုပ်ကြီး၏ လက်​ထောက်ဖြစ်​သော ဒုဗိုလ်မှူးလုတွင် "​ဇုစ်နတ်ဘုရား ဒိုင်းကာ" ဟု အမည်ရသည့် လွန်စွာ ခုခံ​ရေးအား​ကောင်း​သော မက်ခါတစ်စီးရှိသည်ပင်။

မက်ခါ၏ ​ခြေလက်များမှာ အနည်းငယ် ပုတို​နေ​သော်လည်း ကိုယ်ထည်ကမူ ပိုရှည်ကာ ပို၍လည်း ​လေးလံသည်။ ၎င်းမှာ တိုက်စစ်ဆင်ရာ၌ အခြား​သော Sအဆင့် မက်ခါများ​လောက် အားမ​ကောင်း​သော်ငြား ကိုယ်ထည်ပိုင်းမှ ခုခံသည့်အ​နေဖြင့် အပြင်းထန်ဆုံး​သော အလင်းအကာအကွယ်အတားအဆီးကို တည့်မတ်​ပေးနိုင်သည်။ ယခုတွင်မူ ၎င်း၏ ပိုင်ရှင်မှာ ​သော့က​လေးကို ပိုက်ကာဖြင့် ဒုတိယအဆင့် မက်ခါ​​ ကိုယ်ထည်ပေါင်းစပ်ဌာနတွင် တုန်ယင်လျက် ရှိ​နေသည်။

​ဟယ့်ယွင်ထင်​နောက်တွင် ရှုပ်​ထွေးပြီး ဆန်းသစ်လှသည့် စီမံ​ရေး စားပွဲတစ်ခု ရှိ​နေပြီး တစ်ဝက်တစ်ပျက် မျက်နှာပြင်ထက် တိုက်ပွဲပုံရိပ်များစွာကို ပြသ​နေခဲ့သည်။ သူ့လက်များကို စားပွဲ​ပေါ်တင်ကာ ​ရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး ဆုံလည်ကုလားထိုင်ထက်တွင် တစ်ကိုယ်လုံး တုန်ယင်လျက် ထိုင်​နေသည့် လုအန်းဟယ်ကို အ​ပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။ အပြာ​ရောင်မျက်လုံးများထဲတွင်မူ ငယ်ရွယ်ပြီး ဗိုလ်ကျတတ်သည့် ​ကြောက်စရာ မျက်နှာ​တစ်ခုကို အလင်းပြန်ဟပ်​နေခဲ့သည်။

"​​ဘောစ့်... ကျွန်​တော်က အင်ပါယာအတွက် ​ချွေးပြိုက်ပြိုက်ကျ​အောင် အလုပ်လုပ်ခဲ့တာ... ဇာဂ့်​တွေကို တိုက်ခိုက်ရင်းနဲ့ ​​​သွေး​တွေလည်း ​မြေခခဲ့ရ​သေးတယ်... ကျွန်​တော့်​နောက်ကွယ်​မှာ ဒီလို​တွေ လာလုပ်လို့ မရဘူး​နော်"

“ငါသိတယ်" ဗိုလ်မှူးဟယ့်က လက်​ထောက်ဖြစ်သူ၏ စကားကို အတည်ပြုလိုက်သည်။ "နည်းနည်း​လောက် ဖြုတ်တပ်ရုံ​လေးတင်​လေ"

"ဒါက နှစ်စဥ် စစ်​ဆေးမှုအတွက်ဆိုတာ ကျွန်​တော် သိပါတယ်... ဒါ​ပေမယ့် သူက တကယ် ပြင်စရာ မလိုပါဘူးဆို"

"ဘယ်လိုလုပ်​ဆောင်မှုကိုမှ မထိခိုက်​စေရဘူး  ငါအာမခံတယ်" ဗိုလ်ချုပ်က ​နွေး​ထွေးစွာဖြင့် ထပ်​ပေါင်း​ပြောလိုက်သည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now