👾Chapter 28
: ဟယ့်ယွင်ထင်က အရင် လက်ကမ်းလာသူပဲလေ... စိတ်ဖတ်ရမှာက သူမှမဟုတ်တာ...လင်းဟန်၏ မျက်နှာထားက ပြောင်းလဲမသွားဘဲ မျက်ခုံးထိပ်လေးများသာ သိမ်မွေ့စွာဖြင့် မြင့်တက်သွားကာ အသံအနေအထားကလည်း အနည်းငယ် အံ့အားသင့်ဟန်ပင်။
ဝမ်ထျန်းယောင်၏ ပထမဆုံး စကားမှာ သူ့ကို အနည်းငယ် ဝေခွဲမရဖြစ်စေသော်လည်း ဒုတိယစကားကမူ အာရုံစိုက်စရာ ဖြစ်သွားသည်။
ဝမ်ထျန်းယောင်၏ စိတ်ထဲတွင် တစ်ခုခု ရှိနေမည်ကို အံ့အားမသင့်မိသော်လည်း အချိန်တစ်ခုလောက်ထိ သူပြောနေသော 'သူကစရမယ်'ဟူသောစကား၏ ဆိုလိုရင်းကို မသိခဲ့ပါပေ။
"ဒါပေမယ့်..."
ဝမ်ထျန်းယောင်က သူ၏ အခက်အခဲများကို စိတ်ကျဥ်းကျပ်မှု ကသိကအောက်ဖြစ်မှုတို့ဖြင့် ဖော်ပြလာပြီး အစပြု၍ ပြောလိုက်သည်။
"ဒါပေါ့... မင်းမလုပ်ချင်ရင်လည်း အဆင်ပြေပါတယ်... ဖိအားမပေးပါဘူး"
၎င်းကို ခြေတစ်လှမ်းကြိုဆုတ်ထားသည်ဟု ခေါ်ဆိုရမည်ဖြစ်ပေသည်။ အဆုံးတွင် သူ၏ ဂုဏ်ပုဒ်ရာထူးဖြင့်ဆိုလျှင်... သာမန်အခြေအနေအောက်တွင် ဖြစ်ပါက သူသာ လက်လျှော့ဟန်ပြလိုက်လျှင် တစ်ဖက်လူမှာ သူ၏ နားလည်ပေးမှုကြောင့် စိတ်မကောင်း ဖြစ်သွားရနိုင်ပြီး ပြန်၍ လက်ခံပေးလာနိုင်သည်။
သို့သော်လည်း ထိုအရာအားလုံးမှာ လင်းဟန်၏လက် သူ့လက်ပေါ်တွင် မရှိမှသာ ဖြစ်ရပေလိမ့်မည်။
တော်ဝင်မင်းသား၏ လက်ဖဝါးထက်တွင် စေးကပ်ကပ် ခံစားချက်တစ်ခု ရှိနေပြီး လင်းဟန်ကို အနည်းငယ် မသက်မသာ ဖြစ်လာစေခဲ့သည်။
လင်းဟန် တစ်ဖက်လူ၏ ရင်ထိလောက်စေသော ကိုယ်ရည်သွေးစကားများကို နားထောင်ပြီးနောက် ခပ်ဖွဖွ ပြုံးကာ လက်ပြန်ရုတ်လိုက်ပြီး ကျေးဇူးတင်မှုများ ပြည့်နေသော လေသံဖြင့် ပြောလိုက်လေသည်။
"ဒါဆိုရင် ကျေးဇူးတင်ပါတယ် အရှင်မင်းသား... ကျွန်တော်တစ်ယောက်တည်း သွားလိုက်ပါ့မယ်"
YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း