👾Chapter 37
: ဂုဏ်ကျက်သရေနဲ့ အောင်နိုင်မှုဆိုတာ ငါတို့အတွက်ပဲလင်းဟန်က အမှတ်တရများကို ပြန်တွေးကြည့်လိုက်မိသည်။
"များများစားစား မရှိဘူး ထင်တာပဲ... ကျွန်တော့်အမေ ရှိတုန်းကတော့ ကိတ်မုန့်တစ်လုံး ဝယ်ပြီး ကျွန်တော့်ကို ဆုတောင်းခိုင်းတယ်"
လင်းဟန်က အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် အရင်နှစ်တွေတုန်းက ကိစ္စတွေပါ... အခုဆိုရင် တော်တော်လေး ကလေးဆန်သလို ဖြစ်သွားပြီ... အဲ့အချိန်တုန်းက ဆုတောင်းတွေကလည်း ရိုးရိုးရှင်းရှင်လေးတွေပဲ... ဘာတောင်းမိမှန်းတောင် မမှတ်မိတော့ဘူး"
သူက နှုတ်ခမ်းထောင့်လေးများကို ကွေးလိုက်ပြီး ဟယ့်ယွင်ထင်အား တဖန်ပြန်ကြည့်လိုက်ရာ တစ်ဖက်လူ၏ အမူအရာက မပြောင်းမလဲ ရှိနေသေးသော်ငြား မျက်လုံးများကမူ အတွေးများ ပြည့်နေပုံပါပင်။ သူက ဟယ့်ယွင်ထင်အား အနှောက်အယှက် မပေးချင်သဖြင့် သူကပင် အစပြုကာ ပြောလိုက်သည်။
"ကျွန်တော်တို့ မနက်ဖြန် ထွက်ရတော့မယ်... အခုဆို ဗိုလ်ချုပ်လည်း အလုပ်များနေမှာပဲ... ကျွန်တော့်ကို မွေးနေ့ဆုတောင်းပေးတာကတင် ကောင်းလွန်းနေပါပြီ" လင်းဟန် ပြောလိုက်သည်။ "နောက်ထပ် ဘာမှ ပြင်ပေးစရာ မလိုပါဘူး"
"ဒါပေမယ့်" ဟယ့်ယွင်ထင် စကားပြောလာပြီး အရိုးရှင်းဆုံးသောစကားကို ပြောနေသည့်အလား အသံအနေအထားက တိုးညှင်းကာ နိမ့်ဆင်းနေသည်။
“…မစ္စတာလင်းက အခုထိ ဆုမတောင်းမသေးဘူးလေ... ကြယ်ကြွေတဲ့အခါ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ လူတွေ ပြောတာ ကြားဖူးတယ်" ဟယ့်ယွင်ထင် ပြောလေသည်။
လင်းဟန်က ဟယ့်ယွင်ထင်တစ်ယောက် ရေခွက်ကို ကိုင်ထားဆဲ ဖြစ်ကြောင်း တွေ့နေရသည်။ ကြမ်းတမ်းနေသော လက်ချောင်းများက ဖန်ခွက်အနားကို စည်းချက်ကျကျ တတောက်တောက် ခေါက်နေသဖြင့် ရေမျက်နှာပြင်ကို စက်ဝိုင်းပုံစံ လှည့်ပတ်သွားစေ၏။ ယင်းက သူ၏ လက်ရှိ နှလုံးခုန်သံနှင့် တိုက်ဆိုင်နေခဲ့သည်။
YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း