Chapter [ 58 ]

6.7K 883 119
                                    

Monaco, Europe.

"Mr.Roy...ဖိတ်စာရောက်ပါတယ်"

အိမ်တော်ထိန်း ပေးလာသည့် ဖိတ်စာကို Daniel ဖွင့်ဖတ်ကြည့်လိုက်တော့ စီးပွားဘက် မိတ်ဆွေတစ်ယောက်ရဲ့မွေးနေ့ Partyဖြစ်သည်။

"ဒီပွဲတော့တက်ရမယ်...မနက်ဖြန်ကျ လက်ဆောင်ပြင်ပေးထားပါ"

"ဟုတ်ကဲ့"

သူက ပျော်ပွဲရွှင်ပွဲနဲ့ပတ်သက်တဲ့ Party တွေကို သိပ်တက်လေ့မရှိပေမယ့် ရင်းနှီးတဲ့မိတ်ရင်းဆွေရင်းတွေရဲ့ပွဲတွေကိုတော့ မပျက်မကွက် တက်ရောက်လေ့ရှိ၏။

"ကား အဆင်သင့်ဖြစ်ပါပြီ Boss"

"အင်း...သွားကြတာပေါ့"

ဒီနေ့က Daniel ရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကနေ Sponsor ပေးထားသည့်
Monaco grand prix ကားပြိုင်ပွဲကို သွားကြည့်ရသည်။

အဓိကကတော့ ပြိုင်ပွဲဝင်တွေထဲမှာ သူ့ညီ Zachary ပါလို့ လာအားပေးခြင်းပင်။

Daniel Royတို့မောင်နှမ သုံးယောက်ထဲတွင် Zacက အငယ်ဆုံးဖြစ်ပြီး Daniel နှင့်ဆို အသက်၁၀နှစ်ကွာ၏။

Luna green colour မျက်ဝန်းတွေနှင့်
Zac က အမှီအခိုကင်းပြီး သူလုပ်ချင်တာလုပ်သော ကောင်လေးဖြစ်သည်။

ပညာရေးကတော့ Monaco University မှာ Sport Business Management ကို Master တန်း ဆက်တက်ဖို့ ပြင်ဆင်နေ၏။

အားကစားလည်းတော်သည့် Zac က
Car racing နဲ့ပတ်သက်၍လည်း ဆုတွေ ရထားပြီး ဒီနေ့ Grand prix ပွဲမှာလည်း Zac က ပထမဆုံး ပန်းဝင်သွားတာပင်။

Daniel မျှော်လင့်ထားပြီး ဖြစ်သော်လည်း သူ့ညီအတွက် ဂုဏ်ယူလို့မဆုံးပါ။

"အစ်ကို ဒီနေ့ ဂုဏ်ပြု Party တက်မှာလား"

"မသေချာသေးဘူး...maman တော့ လာပါလိမ့်မယ်"

"ကျွန်တော့်အစ်ကိုကို ကြည့်ရတာ အရှေ့တောင်အာရှကနေ ပြန်လာကတည်းက နှလုံးသားလေး ပါမလာတော့သလိုပဲနော်"

"အင်း...နှလုံးသားက အဲဒီမှာကျန်နေခဲ့ပြီလေ"

Daniel လွမ်းတသသဖြင့် ပြောမိတော့
Zac က ရယ်သည်။ တကယ်ပါ။ သူ စျာန့်ကို မလွမ်းတဲ့နေ့ရယ်လို့ တစ်ရက်မှမရှိ။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now