Chapter [ 81 ]

5.1K 1K 126
                                    

ဂုဏ်ရှိန်ကျော်ဇောနှင့်သူ ဝေးနေတာ နှစ်ပတ်တောင်ရှိသွားပြီဖြစ်သည်။

လွမ်းပေမယ့် ကျော်ဇောက ဒီအတောအတွင်း မတွေ့ကြရအောင်ဆိုတော့လည်း စိုင်းမာန် သည်းခံထိန်းချုပ်ရင်း နေရသည်သာ။

ဒီတစ်ပတ် ပိတ်ရက်တော့ ကျော်ဇော အောင်ပန်းကိုပြန်မည်ဟု ကြားသည်။ သူ့ယောက္ခမလောင်း အန်တီနန်းမူရဲ့မွေးနေ့ရှိတာကြောင့်ပင်။

စိုင်းမာန်က မသွားနိုင်တာမို့ အန်တီ့အတွက် မွေးနေ့လက်ဆောင် ထည့်ပေးဖို့ စနေနေ့မနက် Company မှာ အလုပ်ခဏနားချိန်တွင် သူ မြို့ထဲကိုထွက်လာလိုက်သည်။

သူ့သူငယ်ချင်း မော်ကွန်းရဲ့ အမျိုးသား ရီယန်တို့ဆိုင်ကနေ ပန်းစည်း တစ်စည်းဝယ်ခဲ့ပြီး Branded Handbag တစ်လုံးကို Service သေချာအပ်ကာ Delivery ပို့ခိုင်းလိုက်ပါ၏။

နေ့လယ်လောက်ကျ သူ Meeting ထိုင်နေတုန်း အန်တီနန်းမူဆီကနေ ဖုန်းဝင်လာတာနဲ့ သူ အစည်းအဝေးကို ခဏရပ်ခဲ့ပြီး ဖုန်းဖြေလိုက်သည်။

"သား...စိုင်းမာန်"

"ဟုတ်ကဲ့ အန်တီ ပြောပါခင်ဗျ"

"သားပို့လိုက်တဲ့ လက်ဆောင် ရောက်တယ်နော...တအားသဘောကျပေမယ့် တန်ဖိုးကြီးလို့ အန်တီက အားနာနေရော"

"အန်တီ သဘောကျတယ်ဆိုရင်ပဲ ဝမ်းသာပါတယ်ခင်ဗျာ...တစ်နှစ်မှတစ်ခါကျရောက်တဲ့မွေးနေ့ရက်မြတ်မို့လို့ ကျွန်တော့်ရဲ့လက်ဆောင်ကို စိတ်သက်သက်သာသာနဲ့လက်ခံပေးစေချင်ပါတယ်"

"ဒါဆိုလည်း ကျေးဇူးအများကြီးတင်ပါတယ် သားမာန်ရေ...အန်တီ ကောင်းကောင်းသုံးပါ့မယ်...အားတဲ့တစ်ရက်တော့ အောင်ပန်းကို လာလည်ပါဦး"

"တကယ်ဆို ဒီနေ့ ကျွန်တော် လူကိုယ်တိုင်လာပြီး ဂုဏ်ပြုပေးချင်တာပါ...ဂုဏ်ရှိန် အနေခက်မှာစိုးတာနဲ့"

"အန်တီ အဲဒါလည်းမေးချင်လို့လေ...သားတို့ ဘယ်လိုဖြစ်ကြတာလဲ...သားဂုဏ်ကိုမေးတော့လည်း ပွင့်ပွင့်လင်းလင်း မပြောဘူး"

"ပြောရမှာ မျက်နှာပူပေမယ့် ကျွန်တော်တို့နှစ်ယောက်ကြား ပြဿနာလေးတွေရှိခဲ့ပြီး ကျွန်တော့်ဘက်က ဂုဏ်ရှိန့်အပေါ် လွန်မိပါတယ်ဗျ...အဲဒီအတွက် အန်တီတို့ကိုလည်း တောင်းပန်ပါတယ်...ကျွန်တော် ဂုဏ်ရှိန့်ကိုတော့ အမှန်တကယ် မေတ္တာရှိတာမို့ နောက် ဒီလိုတွေ မဖြစ်ရအောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင် သုံးသပ်နေပါတယ်ဗျ"

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now