🔥မှောင်ရီပျိုး🔥
part 1
ဘုန်း!!
ဒုန်း!!
လေအကြမ်းကြီး တိုက်ရင်တောင်ပြိုတော့မည့် ပျိုး တို့ရဲ့အိမ်တံခါးလေးကို အရှိန်ပြင်းပြင်းဖြင့်ကန်ပီး အိမ်ထဲဝင်လာသော အနက်ရောင် တူညီအင်္ကျီဝတ်ထားသည့်လူများနှင့် ထိုလူတို့၏အလည်မှ အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့် အသားဖြူဖြူ နှင့်မျက်မှန်တက်ထားသည့်လူက ပျိုး တို့အိမ်ထဲရှိသစ်သားဖြင့်ပြုလုပ်ထားသောထိုင်ခုံပေါ်တွင် ခြေချိတ်ကာ ထိုင်လိုက်ပီး ပျိုး ကိုပြောသည်က
"မှောင်ရီပျိုး ခဗျားကျုပ်နဲ့လက်ထပ်ရမယ်"
"ဟင်!!!"
"ဒါနဲ့ မင်းရွေးချယ်စရာနှစ်ခုရှိတယ်"
"ဘယ် .... ဘယ်လို!!"
"အဲ့ရွေးချယ်စရာ နှစ်ခုက လက်ထပ်မယ် နဲ့ အင်း"
"မ....မဟုတ်သေးဘူးလေ အဲ့နှစ်ခုထဲက ဘယ်ဟာဘဲရွေးရွေး လက်ထပ်ရမှာဘဲလေ ရွေးချယ်ခိုင်းတာများ မှား......."
"မမှားဘူး အဲ့နှစ်ခုဘဲ"
ဟုဆိုကာ ပျိုး ကိုပြောပီးတာနဲ့ ပျိုးရှေ့ကကောင်ငယ်လေးက သူ့ဘေးတွင်ရပ်နေသော အနက်ရောင်အင်္ကျီ နဲ့လူအား ပြော လို့ဆိုလိုက်တော့
"မှောင်ရီပျိုး ခဗျားရဲ့အဖေက အစ်ကိုလေးဆီမှာငွေချေးထားတာ သိန်း 5000 ပီးတော့ မှောင်ရီပျိုး ရဲ့ မောင်လေးဖြစ်သူချေးထားတာနဲ့ပေါင်းလိုက်ရင်တော့ ဒီတစ်သက်ဆပ်လို့ကုန်မယ်မထင်ဘူးဗျ"
ပျိုး အံ့ဩသွားရသည် ဖေဖေ နဲ့ မောင်လေး ကဘာလို့များငွေ ကိုဒီလူဆီကသွားချေးထားရတာလဲ အိမ်ရဲ့အခြေအနေကိုလဲမသိတာမဟုတ်ပါဘဲနဲ့
"ဆိုတော့.... ကျုပ်ကမင်းအဖေနဲ့မင်းမောင်လေး ရဲ့အကြွေးတွေအတွက် မင်းကိုလာသိမ်းတာ"
"ဟင့်အင်း ပျိုး ရှင်နဲ့လက်မထပ်နိုင်ဘူး"
"အဟက် အဲ့တာမင်းရွေးချယ်ရမှာမဟုတ်ဘူး မှောင်ရီပျိုး ကျုပ်ဆုံဖြတ်ရမှာ"
ပျိုး ရှေ့ကကောင်လေးကအေးစက်စက်အသံနှင့်ပြောနေသည်မို့ ပျိုးကြောက်လာကာ
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"