part 22 ( Unicode )

11K 378 18
                                    

🔥မှောင်ရီပျိုး🔥

part 22

"အဟင့် ‌ငါ့ကိုလွှတ် စောအံ့ဗျူဟာ ငါတောင်းပန်ပါတယ် မောင့် ကိုထပ်မရိုက်ပါနဲ့တော့ မောင့် ကိုထပ်မရိုက်ပါနဲ့တော့ ငါဒီတစ်ခါတကယ်ထွက်မပြေးတော့ပါဘူး"

သူ့ကိုလက်အုပ်ချီကာတောင်းပန်လာတဲ့ မှောင်ရီပျိုး ကြောင့် စောအံ့ဗျူဟာ ကျန်ရစ်မောင် အားသတ်ချင်ပေမဲ့ ပို၍မုန်းသွားမည်ကိုလဲမလိုလားတာကြောင့်

"ရပ်လိုက်တော့"

စောအံ့ဗျူဟာ မှောင်ရီပျိုး ပုခုံးပေါ်တွင်လက်တင်ကာ နားနားကပ်ပီး

"မောင် ကရချင်ရင်ရအောင်ယူမှာ လူသတ်ဖို့ဝန်မလေးဘူး ။ ပျိုး လဲတစ်ချိန်ကဒီလိုဘဲထင်ပါတယ် မောင့် ကိုနားလည်ပေးနိုင်တယ်မလား"

"ငါ....ငါ လှပျိုဖြူ ကိုသတ်လိုက်လို့လက်စားပြန်ချေတာလား စောအံ့ဗျူဟာ ။ မင်းသတ်ချင်ရင်ငါ့ကိုသတ်လို့ရတယ် မောင့် ကိုတော့ ကျေးဇူးပြုပီးမထိပါနဲ့ ငါတောင်းဆိုတာပါ ။"

စောအံ့ဗျူဟာ ကလက်စားချေတာမျိုးမဟုတ်ဘဲ မှောင်ရီပျိုး အားပိုင်ဆိုင်ချင်သည့်စိတ်တစ်ခုတည်းနဲ့သာ ဒီလိုလုပ်ပေမဲ့ သဘောတာရားကထိုသို့ဖြစ်သွား၏

"အဟက် အဲ့ကောင်သေမှာအဲ့လောက်တောင်ကြောက်တာလား ။ ပီးတော့ ခဗျား အသက်ပါအဲ့ကောင်အတွက်ပေးရဲတယ်ဆိုတော့လေးစားတယ်ဗျာ"

"မောင့် ကိုလွှတ်ပေးမယ်မလား"

"သူ့ကိုလွှတ်ပေးရင်ကျုပ်ဘာပြန်ရမှာလဲ"

စောအံ့ဗျူဟာ လိုလူမျိုးက အပေးအယူနဲ့လူမျိုးမှန်း ပျိုး သိပ်သိတာပေါ့

"မင်း လိုချင်တာဘာလဲ"

"သေချာပေါက်ခဗျား ကိုဘဲပေါ့"

"မောင့် ကိုသာလွှတ်ပေးရင် မင်းစိတ်တိုင်းကျ ငါမင်းဘေးမှာနေပေးမယ် အခုတော့ မောင့် ကိုဆေးရုံပို့...."

"ခဗျားလိုက်မသွားရဘူး "

"အင်းလိုက်မသွားဘူး "

စောအံ့ဗျူဟာ ဝေယံ အားလက်ခါပြလိုက်တော့
ကျန်ရစ်မောင် အားထူကာ ကားထဲခေါ်သွားကြ၏ ။ ပျိုး ကတော့ သွားခဲ့ပီဖြစ်သောကားကိုအနောက်ကနေကြည့်နေစမြဲ

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now