🔥မှောင်ရီပျိုး🔥
part 26
"မာမီ လာတာနောက်ကျတယ်နော် ကျွန်တော်ကမနက်ကတည်းကစောင့်နေတာ"
"အမလေး ဘာကိစ္စမလို့ ဆိုင်းမဆင့်ဗုံမဆင့်အလောတကြီးခေါ်ရတာတုန်း စောအံ့ဗျူဟာ"
သားစောက တစ်ခါမှမိဘကို အိမ်မပင့် အခုမှဘာထဖြစ်လဲမသိ ဖုန်းဆက်ပီး ဒီနေ့လာခဲ့ပါလို့ တကျီကျီခေါ်နေတာကြောင့် တစ်ဦးတည်းသောဖြစ်သည့်သူစီ ခေါ်တုန်းပြင်ဆင်ကာထွက်လာခဲ့ခြင်းပင်
"မာမီ အိမ်ထဲရောက်မှပြောမယ် ဒါနဲ့ ဒယ်ဒီရော"
"အလုပ်ရှုပ်နေတယ် အဲ့တာကြောင့် မာမီ ဘဲလာခဲ့လိုက်တာ"
စကားပြောရင်း နဲ့သူတို့ဧည့်ခန်းထဲရောက်လာတော့ ဒေါ်အံ့ရတနာ စောအံ့ဗျူဟာ ဘေးမှအသားဖြူဖြူ ပါးဖောင်းဖောင်းလေးနှင့် ရွှေရောင်ဆံနွယ်ကြားထဲနှင်းဆီပန်းအနီညှပ်ထားသည့် ကောင်ငယ်လေးက မိန်းကလေးရှုံးအောင်ကိုလှရက်နိုင်လွန်းတာကြောင့် မျက်တောင်မခတ်တမ်းကြည့်မိသွားသည်
"မာမီ "
"အင်း"
"ကျွန်တော် မာမီ့ ကိုခေါ်တာ က ကျွန်တော် ပျိုး နဲ့လက်ထပ်ချင်လို့ အဲ့တာ......"
"မာမီ သူနဲ့စကားပြောကြည့်အုံးမယ်"
ရုပ်တည်နဲ့ပြောလာတဲ့ စောအံ့ဗျူဟာ အမေကြောင့် မိနစ်မဆိုင်းဘဲ ဒီအိမ်ကထွက်သွားရတော့မည်ဆိုပီး ပျိုး ပျော်နေမိသည် ထိုအတွေးနှင့်အတူ စောအံ့ဗျူဟာ အမေနှင့်စစ်ခင်းဖို့ အားပါမွေးလိုက်သည်
"မင်းနာမည်က"
"မှောင်ရီပျိုး "
အသံမာမာနဲ့ဖြေလာတဲ့ သာစော ဘေးကကလေးကတက်ာအတင့်ရဲလွန်းလှသည်။ မကြောက်မလန့် ထပ်မံမေးလာသည်က
"အန်တီ့နာမည်ကရော"
"ဒေါ်အံ့ရတနာ"
"ဪ..."
"မင်း ကယောက်ျားလေးနော်"
"ပျိုး ကဒွိလိင် ယောက်ျားမဟုတ် မိန်းမမဟုတ်သဘောမတူလဲရတယ် ပျိုး ကဘာမှမဖြစ်ဘူး"
"မင်း ပုံကြည့်ကတာ အန်တီ့သားကို မင်းကဘဲအနိုင်ကျင့်သလိုဘဲ"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"